#Local_News
Published_29 August 2022

 

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမိုင်တိုင်အမှတ်(၂၁/၆-၇) ကြားတွင် သြဂုတ်လ ၂၈ ရက် ညနေပိုင်းက Karry yoyo(အမျိုးစား)အိမ်စီးကားနှင့်မော်တော်ဆိုင်ကယ်တို တိုက်မိ၍ တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့က သိရသည်။

 

ဆိုင်ကယ်မှာ လမ်းဖြတ်ကူး‌မောင်းနှင်လာခြင်းဖြစ်သောကြောင့် တိုက်မိခြင်းဖြစ်ပြီး ဆိုင်ကယ်ပေါ်မှ နှစ်ဦးအနက် တစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာ ရခြင်း ဖြစ်ကြောင်း သိရသည်။

 

အခင်းဖြစ်ပွားရာနေရာသို့ ဘောနတ်ကြီးအမြန်လမ်းနယ်မြေမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊‌ ဘောနတ်ကြီးအမြန်လမ်းမကြီးရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ခဲ့ကြကြောင်း၊
ဒဏ်ရာရရှိသူအား EMS 192 သူနာတင်ယာဉ်ဖြင့် ပဲခူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်းလည်း သိရသည်။

ymg/mt
#Yangon_Media_Group