#LocalNews
Published_27 August 2022

 

နိုင်ငံခြားငွေများ တရားမဝင်ရောင်းဝယ်နေသည့် အွန်လိုင်းလုပ်ငန်းများကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းများအရ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ယနေ့ သြဂုတ်လ ၂၇ ရက်တွင် ထုတ်ပြန်လိုက်သည်။

 

အများပြည်သူအနေဖြင့် နိုင်ငံခြားငွေ ဈေးနှုန်းဆွဲတင်နေမှူများ၊အွန်လိုင်းမှ တရားမဝင် နိုင်ငံခြားငွေများ ရောင်းဝယ်သူများအပေါ် ယုံကြည်ဆောင်ရွက်ခြင်းမပြုကြရန်လည်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီတင်သွင်းသူများသို့ နိုင်ငံခြားငွေကြေးလွယ်ကူစွာ ရရှိနိုင်ရေး ဘဏ်များနှင့် စက်သုံးဆီလုပ်ငန်းရှင်ကြီးများ ဆွေးနွေးဆောင်ရွက်လျက်ရှိပြီး တိုင်းပြည်စီးပွားရေးကို အဓိက ထိန်းကျောင်းပံ့ပိုးပေးနေသော အခြားဆက်စပ်ဝန်ကြီးဌာနများနှင့်အတူ ထိန်းညှိဆောင်ရွက်လျက်ရှိကြောင်း ၎င်းတွင် ထည့်သွင်းရေးသား ထုတ်ပြန်ထားသည်။

 

ymg/mt
#Yangon_Media_Group