#Local_News
Published _ 19 August 2022

 

မလေးရှားနှင့် ထိုင်းနယ်စပ်မှာရှိသည့် ရာဘာခြံတစ်ခုအတွင်း မြန်မာနိုင်ငံသား ၁၂ ဦးဖမ်းဆီးခံရကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

 

မလေးရှား ခြေလျင်တပ်ရင်း (၂) ဌာနချုပ်က တရားမဝင်လမ်းကြောင်းမှတစ်ဆင့် မလေးရှားနိုင်ငံသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းသည့် မြန်မာနိုင်ငံသား ၁၂ ဦးကို သြဂုတ်လ ၁၇ ရက် ည၁၂နာရီက ဖမ်းဆီးခံရမိကြောင်း သိရသည်။

 

ယင်းနယ်စပ်မှာ လှည့်ကင်းဆောင်ရွက်နေသည့်ကင်းလှည့်အဖွဲ့မှ နယ်စပ်ခြံစည်းရိုးမှ တရားမဝင် ဝင်ရောက်လာကြောင်း သံသယရှိသည့် အရပ်သားအဖွဲ့တစ်ဖွဲ့၏လှုပ်ရှားမှုကို တွေ့ရှိခဲ့ကြောင်း သိရသည်။

 

စစ်ဆေးမှု ရလဒ်တွေအရ ၎င်းတို့အားလုံးမှာ တရားဝင် ခရီးသွား စာရွက်စာတမ်းမရှိသည့် မြန်မာနိုင်ငံသားများဖြစ်ကာ အသက် ၂၀ မှ ၄၅ နှစ်ကြား အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ဖြစ်ကြောင်း သိရသည်။

 

ဖမ်းမိသူများထံမှ လက်ကိုင်ဖုန်း ၁၀လုံးနှင့် ခရီးဆောင်သေတ္တာ ၇လုံး စုစုပေါင်းတန်ဖိုး ရင်းဂစ် ၄,၇၀၀ သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ထားသည်။

 

ဖမ်းဆီးရမိသူများကို Bukit Kayu Hitam ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ထားကြောင်း သိရသည်။

 

ymg/NN
#Yangon_Media_Group