#Local_News
Published - 12 August 2022

 

(၁)နှစ်ကျော်ကာလအတွင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ ငါးခု လိုင်စင်ပြန်အပ်ခဲ့ပြီး အေဂျင်စီနှစ်ခုမှာ ရာသက်ပန်ပိတ်သိမ်းအရေးယူခံရကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

လိုင်စင်ပြန်အပ်သည့်အေဂျင်စီတွေသည် ၂၀၂၁ ခုနှစ်မေလတွင် Arima Tech ကုမ္ပဏီ၊ ဇွန်လတွင် Aung Myat Hein ကုမ္ပဏီ၊ Chan Family ကုမ္ပဏီ၊ For All Friendship ကုမ္ပဏီနှင့် Myo Myanmar Prestige Agency ကုမ္ပဏီတို့ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ အေဂျင်စီ ငါးခုအပါအဝင် ၂၀၁၄ ခုနှစ်မှ လက်ရှိအချိန်အထိလိုင်စင်ပြန်အပ်သည့် အေဂျင်စီ(၅၁) ခုရှိပြီဖြစ်ကြောင်း ဖော်ပြထားသည်။

 

၂၀၂၁ ဒီဇင်ဘာတွင် Property World ကုမ္ပဏီ၊ ၂၀၂၂ ခုနှစ်မေလတွင် Asia Shwe Oh International ကုမ္ပဏီတို့သည် ရာသက်ပန်လိုင်စင်ပိတ်သိမ်းခံရပြီး ၂၀၁၄ ခုနှစ်မှ လက်ရှိအချိန်ထိ လိုင်စင်ပိတ်သိမ်း ခံရသည့် အေဂျင်စီ (၂၂)ခုရှိပြီဖြစ်ကြောင်း သိရသည်။

 

ယင်းအပြင် နောက်ထပ်အေဂျင်စီ ၂၆ ခုသည်လည်း အာမခံကြေးကျပ်သိန်း(၂၀၀) မပေးသွင်း၍ လိုင်စင်ရုပ်သိမ်းထားကြောင်း သိရသည်။

 

လက်ရှိတွင် ပြည်ပသို့အလုပ်သမားစေလွှတ်ခွင့်ရထားသည့် အေဂျင်စီ ၃၄၀ခန့်နှင့် ထိုင်းနိုင်ငံကို အလုပ်သမားစေလွှတ်နေသည့် အေဂျင်စီ ၁၄၂ ခု ရှိကြောင်းလည်း သိရသည်။

 

ymg/sth
#Yangon_Media_Group