#Local_News
Published - 9 August 2022

 

ပြည်တွင်း အခေါက်‌ရွှေ တစ်ကျပ်သားလျှင် သိန်းနှစ်ဆယ် ကိုးသောင်း နှစ်ထောင်အထိ မြင့်တက်လာကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ ထုတ်ပြန်ထားသည့်စျေးနှုန်းအရ သိရသည်။

 

သြဂုတ်လ ၈ ရက် နေ့တွင် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်ထားသည့် ရွှေစျေးနှုန်းမှာ အခေါက်ရွှေ တစ်ကျပ်သားလျှင် သိန်းနှစ်ဆယ် ရှစ်သောင်း လေးထောင်ရှိပြီး ယနေ့(သြဂုတ်လ ၉ ရက်)နေ့တွင် သိန်းနှစ်ဆယ် ကိုးသောင်း နှစ်ထောင်ရှိကြောင်း သိရသည်။

 

ယင်းအပြင် ပြင်ပပေါက်စျေးသည် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၃ သိန်းကျော်အထိ မြင့်တက်နေကြောင်း သိရသည်။

 

ရန်ကုန်ရွှေအသင်းက ထုတ်ပြန်ထားသည့် စျေးနှုန်းထက် ပြင်ပစျေးကွက်တွင် စျေးအလွန်မြင့်နေခြင်းကြောင့် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group