#LocalNews
Published_7 August 2022

 

သြဂုတ်လ(၆)ရက်က မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ သနပ်ကုန်းကျေးရွာအနီး၊ ဧရာဝတီမြစ်အတွင်း တွဲသင်္ဘော(၁)စီးမျောပါလာသဖြင့် သွားရောက်စစ်ဆေးရာသေဆုံးသူ ကျား(၃)ဦးကိုတွေ့ရှိရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်၊၊

 

တွဲသင်္ဘောကို စလင်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း၍ သွားရောက်စစ်ဆေးခဲ့သည်၊၊

 

ယင်းကဲ့သို့စစ်ဆေးရာတွင် တွဲသင်္ဘော၏ ဝမ်းဗိုက်ပေါက်ခြင်းကြောင့် ကျား(၃)ဦးမှာ ဝမ်းဗိုက်အတွင်းဆင်းဖာစဉ် အောက်စီဂျင်ပြတ်၍ ပြန်မတက်နိုင်ဘဲ သေဆုံးနေကြောင်း တွေ့ရှိရသဖြင့် သေဆုံးသူ ကျား(၃)ဦးတို့အား စလင်းမြို့နယ်ကြက်ခြေနီတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် စလင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်၊၊

ymg/tthl
#Yangon_Media_Group