#Local_News
Published_ 5 Aug 2022

 

အကြိမ် (၂၀) မြောက် အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲကို ဇူလိုင် ၂၆ မှစ၍ ထိုင်းနိုင်ငံ၌ ကျင်းပလျက်ရှိရာ ဒီကနေ့နံနက်ပိုင်းက ကျင်းပတဲ့ ဝူရှူးအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မမြတ်နိုးအိမ်က ရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရပါတယ်။

 

မြန်မာတက္ကသိုလ် အားကစားအဖွဲ့အတွက် ပထမဆုံးရွှေတံဆိပ်ဆုကို ရယူပေးခဲ့တဲ့ မမြတ်နိုးအိမ်သည် မန္တလာတက္ကသိုလ် စတုတ္ထနှစ်သမိုင်းဘာသာရပ်အထူးပြု ကျောင်းသူတစ်ဦးဖြစ်ပြီး မြန်မာတက္ကသိုလ် ဝူရှူးအားကစားအဖွဲ့အနေဖြင့် ဝူရှူး အားကစားနည်း (၄) မျိုးကို ဆက်လက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရပါတယ်။

 

ထို့ပြင် အာဆီယံတက္ကသိုလ်အားကစားဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲကို ဒီကနေ့ဒေသစံတော်ချိန် ညနေ ၃ နာရီတွင် မြန်မာနိုင်ငံတက္ကသိုလ်ဘောလုံးအသင်းနှင့် လာအိုနိုင်ငံတက္ကသိုလ်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းက ၄ ဂိုး ၃ ဂိုး (ပင်နယ်တီအဆုံးအဖြတ်)ဖြင့် အနိုင်ရရှိကာ တတိယဆု ကြေးတံဆိပ်ရရှိခဲ့ကြောင်း သိရပါတယ်။

 

ygm_mnn
#Yangon_Media_Group.