#Local_News
Published _4 August 2022

 

ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီမြို့နယ်ရှိ မောတောင်-စင်ခွန် နယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

 

ထိုင်း-မြန်မာ နှစ်နိုင်ငံတာဝန်ရှိသူများ‌ တွေ့ဆုံကာ ညှိနှိုင်းဆွေးနွေးမှုများပြု လုပ်ခဲ့ပြီးနောက် ဩဂုတ်လ ၂ ရက်နံနက်ပိုင်းတွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်‌ကြောင်းသိရသည်။

 

အပတ်စဉ်တနင်္လာနေ့မှ စနေနေ့ထိ၊ တစ်နေ့လျှင်နံနက် ၈ နာရီမှ ညနေ ၄ နာရီထိ ဖွင့်လှစ်ထားကြောင်း သိရသည်။

 

မောတောင်-စင်ခွန်နယ်စပ်ဂိတ်ကို တိုက်ပွဲများဖြစ်ပွားနေသည့်အတွက်
အတွက် ပြီးခဲတဲ့ ဧပြီလမှစတင်ပိတ်ထားခဲ့ခြင်းဖြစ်‌ကြောင်း၊ ယခုအခါကိုဗစ်စည်းကမ်းများအတိုင်း ကုန်စည်တင်သွင်း ပို့ဆောင်နိုင်ပြီဖြစ်ကြောင်း သိရသည်။

 

ygm/mt
#Yangon _Media_Group