#Local_News
Published -3 August 2022

 

ပြည်တွင်း စက်သုံးဆီ စက်သုံးဆီ ၉၂ နှင့် ၉၅ တစ်လီတာဈေးနှုန်း၏ ယနေ့ပေါက်ဈေးမှာ ယခင်နေ့ထက်ထပ်မံကျဆင်းခဲ့ကြောင်း စက်သုံးဆီဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။

 

သြဂုတ် ၂ ရက်နေ့တွင် ၉၂ တစ်လီတာလျှင် ၁၇၈၅ ကျပ် ရှိခဲ့ရာမှ ယနေ့တွင် ၁၇၂၅ ကျပ်သို့လည်းကောင်း ၊ ၉၅ တစ်လီတာဈေး ၁၈၅၀ ကျပ် ရှိခဲ့ရာမှ ယနေ့တွင် ၁၇၈၅ ကျပ် သို့လည်းကောင်း ကျဆင်းခဲ့ခြင်း ဖြစ်သည်။

 

ယင်းအပြင် သြဂုတ်လ ၂ ရက်က ၉၇ တစ်လီတာလျှင် ၂၃၃၅ ကျပ် ၊ ဒီဇယ် တစ်လီတာလျှင် ၂၀၇၅ ကျပ် ၊ ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၂၁၃၀ ကျပ် ရှိခဲ့ရာမှ ယနေ့ ( သြဂုတ်လ ၃ ရက်)တွင် ၉၇ တစ်လီတာလျှင် ၂၃၃၅ ကျပ် ၊ ဒီဇယ် တစ်လီတာလျှင် ၂၀၀၅ ကျပ် ၊ ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ၂၀၆၀ ကျပ် အထိ ကျဆင်းလာခဲ့ကြောင်း သိရသည်။

 

ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်းများဖြင့်လည်း ရောင်းချပေးနေကြောင်း စက်သုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီမှ သိရသည်။

 

ymg/sth
#Yangon_Media_Group