#Local_News
Published -2 August 2022

 

ဩဂုတ်လ ၂ ရက်နေ့ နံနက် ၃နာရီခွဲကျော်အချိန်ခန့်ရှိ လူထုမိတ်ဆွေယာဉ်လိုင်းမှ YBS 94 ယာဉ်တစ်စီး ခိုးယူခံရမှုဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ အခိုးခံရသည့် YBS 94 ယာဉ်လိုင်းမှ ယာဉ်အမှတ် 2P-7221သည် ရွှေပြည်သာကွေ့ CNG ဆိုင်တွင် gas ဖြည့်ရန် ရောက်ရှိနေခဲ့ပြီး ယာဉ်မောင်းဖြစ်သူသည် ယာယီကားရပ်ခဲ့ကာ မိမိရှေ့ကားသို့ သွားရောက်မေးမြန်းနေစဉ် အမည်မသိသူတစ်ဦးမှ ယာဉ်အားမောင်းနှင်ကာ ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း အဆိုပါယာဉ်လိုင်းမှ သိရသည်။

 

ယင်းအပြင် အခိုးခံလိုက်ရသည့် ယာဉ်ကို ဂျပန်လမ်းမှတ်တိုင်အနီး လမ်းပြောင်းပြန်အနေအထားဖြင့် ဓာတ်တိုင်များဝင်တိုက်ကာ ရပ်တန့်နေသည်ကိုတွေ့ရှိရပြီး ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းကူညီပေးမှုဖြင့် မော်တော်ယာဉ်အား မောင်းနှင်သွားသူကို ဖမ်းဆီးရမိကာ ရွာမယာဉ်မှုစစ်ရုံးတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

 

ယင်း ဖြစ်စဥ်ကြောင့် ကျားတစ်ဦး၊ မတစ်ဦး သေဆုံးခဲ့ပြီး သုံးဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

Photo - လူထုမိတ်ဆွေယာဉ်လိုင်း
ymg/sth
#Yangon_Media_Group