[Forwarded from Su Thet Office]
#LocalNews
Published - 31 July 2022

 

ဇူလိုင် ၃၀ရက်နေ့တွင် YBS 42 ယာဥ်လိုင်း အနုကြမ်းစီးခံရသည်ဆိုသည့်သတင်းမှာ အမှားသာဖြစ်ကြောင်း အဆိုပါယာဥ်လိုင်းမှ ပြန်လည်ဖြေရှင်းထားသည်။

 

YBS 42 ယာဥ်လိုင်းအားတာ၀န်ယူ ပြေးဆွဲပေးလျက်ရှိသည့် ရွှေပြည်သာသားအများနှင့်သက်ဆိုင်သောကုမ္ပဏီလိမိတက် တာ၀န်ရှိသူတစ်ဦးက YBS 42 ယာဥ်လိုင်းမှာ အဆိုပါဖြစ်စဥ်မျိုး ပြီးခဲ့သည့်နှစ် ၂၀၂၁ တုန်းကသာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ ဇူလိုင် ၃၀ ရက်နေ့ YBS 42 ဖြစ်စဥ်သည် လုံး၀ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရသည်။

 

ယမန်နေ့ ဖြစ်ပွားခဲ့သည့်ဖြစ်စဥ်အရ 6P-6057 ကားနံပါတ်မှာYBS 42 လုံး၀မရှိကြောင်းအတည်ပြုထားကြောင်း သိရသည်။

 

"ဒီလိုဖြစ်စဥ်မျိုး မနေ့က လုံး၀မဖြစ်ခဲ့ပါဘူး။ ဖြစ်ခဲ့ရင်လည်း ကျတော်တို့က သက်ဆိုင်ရာတာ၀န်ရှိသူ တွေကို ဒီလိုဖြစ်တယ် ပျက်တယ် တွေကို တင်ပြရပါတယ်၊၊ အခုဖြစ်ပုံက အရင်သတင်းဟောင်းကိုဘဲ ပြန်တင်တာလားဆိုတာတော့ မသိပါဘူး။ ဒီသတင်းအရင်းမြစ်ကို စတင်တာ SPT INFORMATION က credit ပေးပြီးစတင်တာတော့ တွေ့ခဲ့ပါတယ်။ ဒါပေမဲ့ တက်မယ်ဆိုလည်း သက်ဆိုင်ရာယာဥ်လိုင်းတာ၀န်ခံဆီကို အရင်ဆုံးစုံစမ်းသင့်ပါတယ်။ အခုက acc တခုကနေတင်တာကို အတည်ယူပြီးမတင်သင့်ပါဘူး။ အဲဒီ acc က အစစ်ရောဟုတ်နိုင်လား ဒါတွေစုံစမ်းပြီး သတင်းတခုကို အသေချာတင်သင့်ပါတယ်။အခုက acc အတုတွေနဲ့ လိုက်လုပ်နေတာအများကြီးပါ"ဟု ရွှေပြည်သာသားအများနှင့် သက်ဆိုင်သော ကုမ္ပဏီလိမိတက် တာ၀န်ရှိသူတစ်ဦးကပြောသည်။

 

ရွှေပြည်သာသားကုမ္ပဏီသည် YBS 42၊ YBS 65 ယာဥ်လိုင်းများကို တာ၀န်ယူပြေးဆွဲပေးနေခြင်းဖြစ်ပြီး YBS 42 သည် တရက်လျှင် အစီးရေ ၉၀နှုန်း၊ YBS 65 သည် တရက်လျှင် အစီးရေ ၁၀၀နှုန်း၊ယာဥ်လိုင်းတူ YBS 65 (YUPT)မှ တရက်လျှင်အစီးရေ ၆၀နှုန်း၊ YBS 65 ကုမ္ပဏီ၂ခု ပေါင်း တရက်အစီးရေ ၁၆၀ နှုန်းထိ ပြေးဆွဲပေးနေခြင်းဖြစ်ကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group