#Local_News
Published_ 30 July 2022

 

ဇူလိုင် ၃၀ ရက် ဒီကနေ့နံနက် ၁၁ နာရီ ၅ မိနစ်ခန့်တွင် ကျောက်တံတားမြို့နယ်၊ (၁) ရပ်ကွက်၊ စည်ပင်လမ်းရှိ မြို့တော်ခန်းမ ဝင်/ထွက် ဂိတ်ပေါက်သို့ အမျိုးသား ၂ ဦးက လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ပေါက်မှု ဖြစ်ပွားခဲ့ကြောင်း နစက က သတင်းထုတ်ပြန်ပါတယ်။

 

အဆိုပါ လက်ပစ်ဗုံးများ ပေါက်ကွဲမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့နှင့် စည်ပင်နေ့စားဝန်ထမ်း ၂ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား တပ်မတော်ဆေးရုံသို့ပို့ဆောင်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ဖြစ်စဉ်တွင် ပါဝင်ခဲ့သူများအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

 

လက်ပစ်ဗုံးများ၊ လက်လုပ်ဗုံး များနှင့် လက်လုပ်မိုင်းများကို အသုံးပြု၍ အများပြည်သူသွားလာလှုပ်ရှားနေသော လမ်းမကြီးများ၊ စာသင်ကျောင်းများ၊ ပြည်သူပိုင်အဆောက်အဦများ၊ အများပြည်သူများနှင့် သက်ဆိုင်သည့်နေရာများ၊ အစိုးရရုံး၊ ဌာနများနှင့် အဆောက်အဦများအား ဖောက်ခွဲဖျက်ဆီးခြင်းများ မကြာခဏဖြစ်ပွားလျက်ရှိနေတာဖြစ်ပါတယ်။

 

ygm_mnn
#Yangon_Media_Group