#Local_News
Published - 29 July 2022

 

လျှပ်စစ်ဓာတ်အား သုံးစွဲဝန်အားများသော အချိန်များတွင် အရေးပေါ်ဝန်အားလျှော့ထိန်းညှိခြင်းများ ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၊ နေရာအချို့တို့၌ အချိန်ပိုင်းယာယီဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ အသိပေးကြေညာထားသည်။

 

ဇူလိုင်လ ၂၈ ရက်နေ့ ည ၇ နာရီအချိန်ခန့်တွင် 230kV မန်စံ-ရွှေစာရံ မဟာ ဓာတ်အားလိုင်း အပြစ်ဖြစ်ပွားခဲ့ပြီး အဆိုပါ အပြစ်ဖြစ်မှုအား အချိန်နှင့်တစ်ပြေးညီ ရှာဖွေစစ်ဆေးခဲ့ရာ တာဝါတိုင်အမှတ် (၆၁၃) ယိုင်နဲ့နေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ဆဖာ်ပြထားသည်။

 

အဆိုပါ 230kV ဓာတ်အားလိုင်း အပြစ်ဖြစ်ပွားမှုကြောင့် ရွှေလီဓာတ်အားထုတ်စက်မှ လျှပ်စစ်ဓာတ်အားပို့လွှတ်ပေးနိုင်မှု (300)MW ခန့် လျော့နည်းလျှက်ရှိသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားထုတ်လွှတ်မှုလျော့နည်းနေချိန်၌ ဓာတ်အားစနစ်တည်ငြိမ်မှုရှိစေရန် လျှပ်စစ်ဓာတ်အားသုံးစွဲဝန်အားများသော အချိန်များတွင် အရေးပေါ်ဝန်အားလျှော့ထိန်းညှိခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

ယင်းအပြင် ယနေ့(ဇူလိုင် ၂၉)ရက်နေ့မှစ၍ ယခင်မီးပေးနေသည့်အုပ်စု A,B အတိုင်းအလှည့်ကျဓာတ်အားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အချို့တွင် အသိပေးထုတ်ပြန်ထားသည်။

 

ymg/sth
#Yangon_Media_Group