#Local_News
Published - 26 July 2022

 

စီးပွားရေးနလန်မထူတော့သည့် သိရီလင်္ကာကဲ့သို့ ဖြစ်လာနိုင်စရာမရှိကြောင်း နစကပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများ၏မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

 

‘‘ဖြစ်လာနိုင်စရာအကြောင်း မရှိပါဘူး။ မြန်မာနိုင်ငံမှာ အရန်ငွေကြေးအဖြစ် ဒေါ်လာထိုက်သင့်သလောက် စုဆောင်းပြီး ဖြစ်ပါတယ်’’ဟု ၄င်းကထည့်သွင်းပြောကြားခဲ့သည်။

 

နိုင်ငံတော်၏ လက်ဝယ်အတွင်း နိုင်ငံခြားအရန်ငွေမှာ အမေရိကန်ဒေါ်လာအပြင် တရုတ်ယွမ်လို ငွေကြေးမျိုးကိုလည်း ထည့်သွင်းစုဆောင်းထားကြောင်း ၄င်း၏ပြောပြချက်အရ သိရသည်။

 

‘‘ငွေကြေးပမာဏကို မပြောနိုင်ပေမယ့် ထိုက်သင့်တဲ့ ငွေကြေးပမာဏ စုဆောင်းပြီး ဖြစ်ပါတယ်။ အခြေခံရှိပြီး ဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်’’ဟုဆိုသည်။

 

နိုင်ငံတော်တွင် သင့်တင့်သည့် နိုင်ငံခြားအရန်ငွေကြေးနှင့်ဘဏ္ဍာငွေများ ရှိပြီးဖြစ်ကြောင်းလည်း ထပ်လောင်းပြောကြားခဲ့သည်။

 

ymg/sth
#Yangon_Media_Group