#Local_News
Published_ 25 July 2022

ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ အသက်အိုးအိမ်စည်းစိမ်ကို သက်စွန့် ကြိုးပမ်းကာကွယ် စောင့်ရှောက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေအတွက် ပင်ပန်းကြမ်းတမ်းမှုနဲ့ သက်စွန့်တာဝန်စရိတ် တစ်လ ကျပ် ၁၀၀၀၀ ခံစာခွင့်ပြုမယ်လို့ နစကမှ ထုတ်ပြန်ထားပါတယ်။

 

ရဲတပ်ဖွဲ့ဝင်တွေကို လစာအပြင် ဩဂုတ်လမှစပြီး ပင်ပန်းကြမ်းတမ်းမှုနဲ့ သက်စွန့် တာဝန်စရိတ်အား တစ်ဦးကို တစ်လလျှင် ကျပ် ၁၀၀၀၀ ခံစားခွင့်ပြုမယ်လို့ နစကရဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာဖြစ်ပါတယ်။

 

ဇူလိုင် ၂၂ ရက်က ကျင်းပတဲ့ စီးပွားရေးရာကော်မတီအစည်းအဝေး ၆/ ၂၀၂၂ အစည်းအဝေး ဆုံးဖြတ်ချက်အရ အတည်ပြုလိုက်ခြင်းဖြစ်ပြီး အဆိုပါထောက်ပံ့ကြေး လစဉ်ထောက်ပံ့ခြင်းကို အမိန့်ကြော်ငြာစာ အမှတ် ၆၇/၂၀၂၂ နဲ့ ဒီကနေ့ ဇူလိုင် ၂၅ ရက်မှာ နိုင်ငံပိုင်သတင်းစာတွေကနေ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

 

ymg-mnn
#Yangon_Media_Group