#Local_News
Published - 23 July 2022

YBS ခရီးသည်တင်ယာဉ်လိုင်းများ ပုံမှန်နီးပါးပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း YRTC မှတွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်ကပြောသည်။

 

" CNG ဆိုင်တွေလည်း pressure ပြန်ပြည့်လာပြီ။ အရင်နေ့တွေက pressure ကျနေတော့ ကားတွေကအကုန်အဲဒီမှာတန်းစီနေရတာ။ ပုံမှန်နီးပါးတော့ ပြန်ထွက်နေပါပြီဟု ၎င်းကပြောသည်။

 

ယခင်က ရန်ကုန်မြို့တွင်း၌ YBS ယာဉ်လိုင်း ၁၁၆လိုင်း၊ ယာဉ်စီးရေ ၃၁၇၃စီး ဖြင့်နေ့စဉ်ပုံမှန်ပြေးဆွဲပေးနေရာမှ CNG gas မရရှိမှုကြောင့် အစီးရေ ၂၀၀၀ ဝန်းကျင်သာ ပြေးဆွဲပေးနိုင်ကြောင်း သိရသည်။

 

CNG gas ပြတ်လပ်မှုကြောင့် YBS ယာဉ်လိုင်းများသည် ၅၀ ရာခိုင်နှုန်းသာထွက်ရှိနိုင်ကြောင်း၊ ယင်းအပြင် ယာဉ်ရှားပါးသည့်ပြသနာကြောင့် ခရီးသည်များ အခက်အခဲဖြစ်နေသည့်အတွက် ပရဟိတအသင်းအချို့မှလည်း အခမဲ့ပြေးဆွဲမှုများပြုလုပ်ပေးနေကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group