#Local_News
Published _ 23 July 2022

 

ရန်ကုန်တိုင်းအတွင်း ပြေးဆွဲလျက်ရှိနေသည့် YBS ခရီးသည်တင်ကားများမှာ ဇူလိုင်လ ၂၂ ရက်မှစတင်၍ CNG Gas ရရှိမှုလျော့ နည်းမှုကြောင့် ပြေးဆွဲပေးနေသည့်ကားများ နည်းပါးလျက်ရှိလာသည်။

 

ယင်းကဲ့သို့ YBS ကားများ ပြေးဆွဲမှု နည်းပါးသဖြင့် လုပ်ငန်းခွင်သို့ သွားရောက်မည့် ခရီးသွားများ အဆင်ပြေစေရန် လူမှုကူညီရေးအသင်းများမှ လူမှုကူညီရေးကားများဖြင့် ခရီးသည်များအား ကူညီပို့ဆောင်ပေးလျက်ရှိကြောင်း သုခကာရီ လှုမှုကူညီကယ်ဆယ်ရေးအသင်းထံမှ သိရသည်။

 

လူမှုကူညီရေးအသင်းများမှ ခရီးသည်များအဆင်ပြေစေရန် ကူညီပို့ဆောင်ပေးခြင်းများအား ရန်ကုန်မြို့အတွင်းရှိ မြို့နယ်အသီးသီးမှ လူမှုကူညီရေးအသင်းများက သက်ဆိုင်ရာမြို့နယ်အလိုက် ကူညီပို့ဆောင်ပေးလျက်ရှိကြောင်း ယင်းမှ သိရသည်။

 

ymg/NN
#Yangon_Media_Group