#Local_News
Published_22 July 2022

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေတောင်ရပ်ကွက်၊ မာလာဝန်း၊ အထက(၅)ကျောင်း၏ အုတ်တံတိုင်းယနေ့ ဇူလိုင်လ ၂၂ရက်နံနက်၉နာရီခွဲက ပြိုကျမှုဖြစ်ပွါးခဲ့သောကြောင့် လူ ၅ ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အုတ်တံတိုင်းပြိုကျစဉ် အုတ်တံတိုင်းအနီး လက်ဖက်ရည်ဆိုင်တွင် ရှိနေသော အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၃ ဦးကို တိုက်ရိုက်ပိခဲ့သော ကြောင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သောကြောင့် လူမှုကယ်ဆယ်ရေးအသင်းမှ ယာဉ်များဖြင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

 

ယင်းဖြစ်စဉ်နေရာသို့ မွန်ပြည်နယ်မီးသတ်ဦးစီးမှူးရုံးနှင့် မော်လမြိုင်ခရိုင်၊ မြို့နယ်မီးသတ်စခန်းတို့မှ အုပ်ချုပ်မှုယာဉ်(၂)စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဘိုဘိုဝင်းလူမှုကယ်ဆယ်ရေး အဖွဲ့ဝင်များ၊ မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ အဖြူရောင်တွဲလက်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ ရွှေတောင်ရပ်ကွက် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ ရာမညလူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ymg/mt
#Yangon_Media_Group