#Local_News
Published_21 July 2022

 

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၂ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်တွင် ဗီယက်နမ်ကို (၄-၃) ဂိုးဖြင့် အနိုင်ယူပြီး တတိယနေရာ ရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမျိုးသမီး ဘောလုံးကော်မတီမှ (ယနေ့)ဇူလိုင်လ ၂၀ ရက်တွင် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း (၅၀၀) ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းအနေဖြင့် အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲပြီးနောက် ဆက်လက်ပြိုင်ပွဲဝင်ရန်ရှိသည့် နိုင်ငံတကာပြိုင်ပွဲများအတွက် စခန်းဝင်လေ့ကျင့်မှုများ ပြန်လည်ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။

ymg/mt
#Yangon_Media_Group