#Local_Sport
Published_ 17 July 2022

 

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ၂၀၂၂ ခုနှစ် အာဆီယံ အမျိုးသမီးချန်ပီယံရှစ် တတိယလုပွဲ မြန်မာအမျိုးသမီးအသင်းဟာ ဗီယက်နမ်ကို ၄ ဂိုး ၃ ဂိုး ဖြင့် အနိုင်ရရှိခဲ့ပြီး တတိယဆု ရရှိခဲ့ပါတယ်။

 

မြန်မာအမျိုးသမီးအသင်းအတွက် ဂိုးများကို စန်းသော်သော်က ၃ ဂိုးနဲ့ လင်းမြင့်မိုရ် က တစ်ဂိုး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

 

ဒီနေ့ယှဉ်ပြိုင်ကစားခဲ့တဲ့ မြန်မာအသင်းနဲ့ ဗီယက်နမ်အသင်းတို့ရဲ့ ပွဲစဉ်ပထမပိုင်းမှာ မြန်မာအသင်းက ၉ မိနစ်မှာ စန်းသော်သော်က အဖွင့်ဂိုးသွင်းယူခဲ့ပြီး၊ ၂၃ မိနစ်နဲ့ ၃၉ မိနစ်တို့မှာ ဗီယက်နမ်က ၂ ဂိုး ပြန်လည်သွင်းယူခဲ့ပါတယ်။

 

ဒုတိယပိုင်း ၅၇ မိနစ်မှာ စန်းသော်သော်ကပဲ ဒုတိယချေပဂိုးကိုလည်းကောင်း၊ ပွဲချိန် မိနစ် ၈၀ မှာ ဗီယက်နမ်က တတိယဦးဆောင်ဂိုးရရှိခဲ့သော်လည်း မြန်မာအသင်းမှ လင်းမြင့်မိုရ်က ၈၂ မိနစ်မှာ တတိယချေပဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ မြန်မာအသင်းအတွက် အနိုင်ဂိုးကို ပွဲချိန် ၈၆ မိနစ်မှာ စန်းသော်သော်ကပဲ သွင်းယူပေးခဲ့လို့ (၄)ဂိုး၊ (၃)ဂိုးနဲ့ ခက်ခက်ခဲခဲအနိုင်ယူပြီး၊ တတိယကြေးတံဆိပ်ဆုနဲ့ အိမ်အပြန်မျက်နှာပန်းလှခဲ့ပါတယ်။

 

မြန်မာအသင်းဟာ အုပ်စုနောက်ဆုံးပွဲမှာ ဗီယက်နမ်အသင်းကို (၄) ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် တတိယနေရာအတွက် ပရိသတ်တွေက မျှော်လင့်ချက်သိပ်မရှိခဲ့ပေမယ့် ဒီပွဲမှာတော့ ဂိုးတွေအပြိုင်အဆိုင်သွင်းယူပြီး တတိယဆုကို ထိုက်ထိုက်တန်တန် ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

 

ymg-mnn
#Yangon_Media_Group.