#Loacl_News
Published_16 July 2022

 

ထိုင်းနိုင်ငံအချုပ်အသီးသီးမှ မြန်မာနိုင်ငံသား ၁၆၈ ဦး ယနေ့ ဇူလိုင်လ ၁၆ ရက် နံနက်ပိုင်းတွင် နေရပ်ပြန်ခွင့်ရပြီဖြစ်ကြောင်း သိရသည်။

 

ထိုင်းနိုင်ငံတောင်ပိုင်းရှိ အချုပ်ခန်းများတွင် အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးသူများ ဖြစ်ကြောင်း၊ ယင်းတွင် မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသမီး ၅၃ ဦး ပါဝင်ကြောင်း၊ ယင်းတို့အား ရနောင်းမြို့ကနေ စက်လှေဖြင့် ကော့သောင်းမြို့သို့
ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဇွန်လအတွင်းက ထိုင်းအချုပ်များမှ ကော့သောင်းဘက်ခြမ်းသို့ ပြန်လည်ပို့ဆောင်ခဲ့သော မြန်မာရွှေ့ပြောင်းလုပ်သား ၆၅၆ ဦးအထိ ရှိပြီဖြစ်ကြောင်း၊ ကော့သောင်းမြို့ဘက်တွင် သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများက စစ်ဆေးမှုများ၊ အသိပညာပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်အထက်ထိုးပြီးသူများအား RTT ဖြင့် စစ်ဆေး၍ နေရပ်ချက်ခြင်း ပြန်ပို့ပေးသော်လည်း ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်နှင့် လုံးဝကာကွယ်ဆေးမထိုးရသေးသူများအနေဖြင့် ကွာရန်တင်း ၅ ရက် နေကြရမည် ဖြစ်ကြောင်း သိရသည်။

ymg/mt
#Yangon_Media_Group