#Local_News
Published_16 July 2022

 

တရားမဝင် မြန်မာနိုင်ငံသားတင်ဆောင်လာသော ပစ်ကပ်တစ်စီးနှင့် ကုန်တင်ယာဉ်တို့ ဇူလိုင်လ ၁၅ ရက် ည ပိုင်းက ဘန်ကောက်မြို့အဝင် ထနွန်ဖေစ်ကစေန်လမ်း ဓန်းတချန်းဂိတ်အနီး ထခမ်းခရိုင်ခွဲ ထဆဲ့ခရိုင် ဆွမ်ဖုံပြည်နယ်တွင် တိုက်မိ၍ ၃ ဦး သေ၊ ၁၃ ဦး ဒဏ်ရာရခဲ့ကြောင်း ဆုံဖုံလူမှုကယ်ဆယ်ရေးပရဟိတအဖွဲ့၏ သတင်းများအရ သိရသည်။

 

ထိုင်း-မြန်မာ နယ်စပ်ကော့သောင်း ရနောင်းဘက်မှ တရားမဝင်လာရောက်ကြသူများ တင်ဆောင်လာသည့် အဆိုပါ ပစ်ကပ်ယာဉ်မှာ ဖေစ်ကစေန် ထချန်းစစ်ဆေးရေးဂိတ် မရောက်မီ စစ်ဆေးရေးဂိတ်ကျော်ဖြတ်ရန် လမ်းကိုကွေ့ပတ်ရှောင်၍ အရှိန်ဖြင့်မောင်းနှင်စဉ် လမ်းမကြီးမှ လာသောကုန်တင်ယာဉ်နှင့် ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။

 

ယာဉ်တိမ်းမှောက်စဉ် ယာဉ်အတွင်း ပိတ်မိနေသော မြန်မာနိုင်ငံသားများအား ထိုင်းလူမှုကယ်ဆယ်ရေးအဖွဲ့မှ ကယ်ထုတ်ပေးခဲ့ကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် ယာဉ်မောင်း ထိုင်းနိုင်ငံသား ၁ ဦး ၊ မြန်မာနိုင်ငံသား ၂ ဦး သေဆုံးခဲ့ကာ အမျိုးသား ၈ ဦး အမျိုးသမီး ၅ ဦးဒဏ်ရာ ရရှိခဲ့ကြကြောင်း သိရသည်။

ymg/mt
#Yangon_Media_Group