#Local_News
Published _ 16 July 2022

 

၂၀၂၂ ခုနှစ် ဂျုံထွက်ရာသီတွင် မန္တလေးဈေးကွက်ထဲကို ဗမာဂျုံနဲ့ ရှမ်းဂျုံများဝင်ရောက်လျက်ရှိပြီး ပေါ်ဦးပေါ်ဖျားအချိန်ထက် ဈေးနှုန်းမြင့်တက်လာကာ တောင်သူများအတွက် ဈေးကောင်းရရှိလျက်ရှိသည်ဟု မန္တလေးပဲကုန်သည်တွေဆီက သိရသည်။

 

ပေါ်ဦးပေါ်ဖျားအချိန်က ဗမာဂျုံ ၃တင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၉သောင်းခွဲရှိခဲ့ရာ ယခုအချိန် ဇူလိုင်လလည်တွင် တစ်သိန်း၃သောင်း ၇ ထောင်အထိ ဈေးနှုန်းမြင့်တက်လာပြီး ရှမ်းပြည်နယ်မှထွက်ရှိသည့် ရှမ်းဂျုံတွေဟာလည်း ငွေကျပ် ၉ သောင်း‌ ပေါက်ဈေးရှိခဲ့ရာမှ ယခုအချိန်တွင် ၁သိန်း ၃ သောင်း ၅‌ ထောင်နှင့် ၁ သိန်း ၃‌ သောင်းကြားမှာ ပေါက်ဈေးရှိနေသည်ဟုသိရသည်။

 

မန္တလေးဈေးကွက်ထဲသို့ မုံရွာ၊ ရွှေဘို၊ မြင်းမူ၊ မြောင် စသည့် အညာပိုင်းဒေသများနှင့် ရှမ်းပြည်တောင်ပိုင်းမြောက်ပိုင်း စသည့်ဒေသများမှ ဂျုံများဝင်ရောက်လျက်ရှိသည်ဟုလည်း သိရသည်။

 

ymg/NN
#Yangon_Media_Group