#Local_News
Published_ 16 July 2022

 

ဒဂုံတက္ကသိုလ် သိပ္ပံဌာနများနှင့် ဂျပန်နိုင်ငံ Gifu University အင်ဂျင်နီယာ မဟာဌာနကြီးအောက်ရှိ သိပ္ပံဌာနများအကြား MoU ရေးထိုးပွဲ အခမ်းအနားကို ဇွန် ၁၅ ရက် မွန်းလွဲပိုင်းက ဒဂုံတက္ကသိုလ် ပါမောက္ခချုပ်ရုံးခန်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါတယ်။

 

အခမ်းအနားတွင် ဒဂုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသာထွန်းမောင်နှင့် ဂျပန်နိုင်ငံ Gifu University မှ Vice President Dr. Shinji Kambara တို့က အမှာစကားများ ပြောကြားကြပါတယ်။

 

ကျောင်းသားများ၊ သိပ္ပံဆိုင်ရာ သုတေသနနှင့် လေ့ကျင့်လဲလှယ်ရေးခရီးစဉ်၊ သိပ္ပံပညာရှင်များနှင့် သိပ္ပံပညာဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲများ၊ ဖိုရမ်များနှင့် သင်တန်းများ ပူးတွဲကျင်းပခြင်းနှင့် သုတေသနရလဒ်များကို သုတေသန စာစောင်များတွင် ရေးသားဖော်ပြခြင်းစတဲ့ ရှေ့ဆက်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရန် အသေးစိတ်ဆွေးနွေးခဲ့ကြပြီး နှစ်ဖက်အဖွဲ့အစည်းကြား MoU ရေးထိုးခဲ့ကြပါတယ်။

 

MoU ရေးထိုးပွဲသို့ ဒဂုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသာထွန်းမောင်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ပါမောက္ခများနှင့် သင်ကြားစီမံဌာနများမှ ဌာနမှူးများ တက်ရောက်ကြပြီး ဂျပန်နိုင်ငံ Gifu University မှ Vice President Dr. Shinji Kambara နှင့် The Faculty of Engineering ဌာနမှူး Prof. Dr. Toshiaki Murai နှင့် သိပ္ပံဌာနများမှ ပါမောက္ခ/ဌာနမှူးများက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြ ကြောင်း သိရပါတယ်။

 

ymg-mnn
#Yangon_Media_Group