#Local_News
Published - 14 July 2022

 

ပြည်တွင်း စက်သုံးဆီ စက်သုံးဆီ ၉၂ နှင့် ၉၅ တစ်လီတာဈေးနှုန်း၏ ယနေ့ပေါက်ဈေးမှာ တစ်လီတာလျှင် ကျပ် ၁၈၀၀ အောက်ထိ ကျဆင်းခဲ့ကြောင်း စက်သုံးဆီဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။

 

ဇူလိုင်လ ၁၃ ရက်က ၉၂ တစ်လီတာလျှင် ၁၈၆၀ ကျပ် ရှိခဲ့ရာမှ ယနေ့တွင် ၁၇၈၅ ကျပ် သို့လည်းကောင်း ၊ ၉၅ တစ်လီတာဈေး ၁၉၃၀ ကျပ် ရှိခဲ့ရာမှ ယနေ့တွင် ၁၈၆၀ ကျပ် သို့လည်းကောင်း ကျဆင်းခဲ့ခြင်း ဖြစ်သည်။

 

ယင်းအပြင် ဇူလိုင်လ ၁၃ ရက်က ၉၇ တစ်လီတာလျှင် ၂၃၃၅ ကျပ် ၊ ဒီဇယ်တစ်လီတာလျှင် ၂၂၀၀ ကျပ် ၊ ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၂၂၅၅ ကျပ် ရှိခဲ့ရာမှ ယနေ့ (ဇူလိုင်လ ၁၄ ရက်)တွင် ၉၇ တစ်လီတာလျှင် ၂၃၃၅ ကျပ် ၊ ဒီဇယ်တစ်လီတာလျှင် ၂၂၀၅ ကျပ် ၊ ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ၂၂၆၀ ကျပ် အထိ ကျဆင်းလာခဲ့ကြောင်း သိရသည်။

 

ပြည်တွင်း စက်သုံးဆီဈေးနှုန်း အတက်အကျ ရှိနေခဲ့သည့်ကာလအတွင်း ပုံမှန်ထက် တစ်လီတာလျှင် ၁၀၀ ကျပ်ခန့် ကျဆင်းလာခဲ့ရာမှ ယခုအခါ တစ်လီတာကို ၁၀၀ ကျပ်ထက်ပို၍ ကျလာသည်ကိုလည်းတွေ့ရခြင်း ဖြစ်သည်။

 

ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ရည်ညွှန်းလက်ကားဈေးနှုန်းများ နှင့် နေပြည်တော် ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်းများဖြင့်လည်း ရောင်းချပေးနေကြောင်း စက်သုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သိရသည်။

 

ymg/sth
#Yangon_Media_Group