#Local_News
Published _ 14 July 2022

 

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံပိုင်မီဒီယာများနှင့် ပြည်တွင်း ပုဂ္ဂလိကမီဒီယာများကို သတင်းများရယူရာတွင် အဆင်ပြေချောမွေ့စေရေးနှင့် သတင်းစာရှင်းလင်းပွဲများ အပါအဝင် အခမ်းအနားများဖိတ်ကြားရာတွင် လွယ်ကူလျှင်မြန်စေရေးအတွက် အသိအမှတ်ပြုကတ်ပြားများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစစ်၍ ခွင့်ပြုထုတ်ပေးလျှက်ရှိနေသည်။

 

သတင်းမီဒီယာအသိအမှတ်ပြုကတ်ပြားများကို ၂၀၂၁ ခုနှစ်၊ မတ်လမှစတင်၍ ထုတ်ပေးခဲ့ရာ သက်တမ်း(၁)နှစ် သတ်မှတ်ထားရှိပါသည်။ သက်တမ်းကုန်ဆုံးနေပါက သတင်းမီဒီယာသမား အသိအမှတ်ပြုကတ်ပြားများကို အသစ်လဲလှယ်ရမည်ဖြစ်သည်။

 

သတင်းမီဒီယာသမား အသိအမှတ်ပြုကတ်ပြား သက်တမ်းကုန်ဆုံးပါက သတ်မှတ်ပုံစံနှင့်အတူ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူပိုင်ခွင့်နှင့်မှတ်ပုံတင် ဌာနခွဲသို အသိအမှတ်ပြုကတ်ပြား အသစ်လဲလှယ်နိုင်ရေး လာရောက်ဆောင်ရွက်နိုင်ကြောင်း ယင်းကြေညာချက်၌ ပါရှိသည်။

 

အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဖုန်း ၀၁-၅၄၁၄၁၃၊ ၀၁-၅၄၄၅၈၂၊ ၀၁-၅၄၄၅၈၃၊ This email address is being protected from spambots. You need JavaScript enabled to view it. သို ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

 

ymg/NN
#Yangon_Media_Group