#LocalNews
Published_12 July 2022

 

ထိုင်းနိုင်ငံသို့သွားရောက်ကြမည့် MoU လုပ်သားများ ကွာရန်တင်း ငါးရက်နေရမည်ဟု သတင်းထွက်ပေါ်နေကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများက သိရသည်။

 

ပြီးခဲ့သည့် မေလ ၁၀ ရက်ကစ၍ ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် မြန်မာအလုပ်သမားများစတင်သွားရောက်ခွင့်ရခဲ့ကြရာ ဇွန်လအကုန်အထိ ထိုင်းဘက်ခြမ်းတွင် ကွာရန်တင်း ဝင်ရောက်စရာမလိုဘဲ အလုပ်အကိုင်နှင့်ပတ်သက်သည့် စာရွက်စာတမ်းစစ်ဆေးမှု၊ကိုဗစ်စစ်ဆေးမှုများပြုလုပ်ကာ အလုပ်လုပ်မည့်နေရာသို့ သွားရောက်ခွင့်ရခဲ့ကြခြင်း ဖြစ်သည်။

 

သို့သော်လည်း ဇူလိုင်လ ၁ ရက်က စ၍ မဲဆောက်ဘက်ခြမ်းတွင် ကွာရန်တင်း တစ်ရက်ဝင်ရောက်ခဲ့ကြရပြီး ယခုအခါ ငါးရက်ဝင်ရမည်ဟု သတင်းထွက်နေခြင်းဖြစ်ကြောင်း သိရသည်။

 

"သတင်းကတော့ မသေချာသေးဘူး။ဒါပေမဲ့လည်း ဖြစ်နိုင်တယ်။ဘာလို့လဲဆိုတော့ ကိုဗစ်တွေက ပြန်ပြီးတော့ဖြစ်နေတယ်ဆိုတော့လေ၊ပြီးခဲ့တဲ့ ဇူလိုင်လ တစ်ရက်နေ့ကစပြီးတော့ ကွာရန်တင်းတစ်ရက်ထားခဲ့တာကို ရက်ထပ်တိုးမယ့် သဘောလို့ပဲ မြင်ပါတယ်"ဟု ပြည်ပအေဂျင့်တစ်ဦးကပြောသည်။

 

ယနေ့ ဇူလိုင်လ ၁၂ ရက်တွင် ထိုင်းနိုင်ငံသို့ မြဝတီ - မဲဆောက် ချစ်ကြည်ရေးအမှတ် (၂) တံတားမှ တစ်ဆင့် MOU စနစ်ဖြင့် အလုပ်သမား ၇၀၀ ကျော် ထပ်မံ သွားရောက်ခဲ့ကြကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group