#LocalNews
Published_10 July 2022

 

တောင်ကိုရီးယားအလုပ်အကိုင် အရည်အချင်းစစ်စာမေးပွဲ(EPS) လျှောက်လွှာများကို ပြန်လည်စိစစ်မည်ဖြစ်သောကြောင့် ယနေ့ ဇူလိုင်လ ၉ ရက် ညနေ ၃နာရီမှ ဇူလိုင်လ ၁၁ ရက် တနင်္လာနေ့ နံနက် ၁၀နာရီအထိ Application System ကို ခေတ္တပိတ်ထားမည် ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက ထုတ်ပြန်လိုက်သည်။

 

စာမေးပွဲဖြေဆိုခွင့်လျှောက်ထားသူများအနေဖြင့် အကြိမ်ကြိမ်လျှောက်ထားခြင်းပြုလုပ်ကြသည့်အတွက် ပြန်လည်စိစစ်ခြင်းများပြုလုပ်ရခြင်းဖြစ်ကြောင်း၊လျှောက်လွှာအကြိမ်ကြိမ်တင်ပါက Payment No. နှင့် စာမေးပွဲခုံနံပါတ်မှန်ကန်စွာမရနိုင်ကြောင်း၊ယင်းကြောင့် စာမေးပွဲဖြေဆိုခွင့်လျှောက်ထားသူများအနေဖြင့် အကြိမ်ကြိမ်လျှောက်ထားခြင်းမပြုလုပ်ကြရန် အဆိုပါအေဂျင်စီက ထုတ်ပြန်ရာတွင် ဖော်ပြထားသည်။

 

တောင်ကိုရီးယားအလုပ်အကိုင် အရည်အချင်းစစ်စာမေးပွဲ(EPS)ဖြေဆိုခွင့်လျှောက်ထားခြင်းများကို ဇူလိုင်လ ၇ ရက်ကစ၍ ဇူလိုင်လ ၂၃ ရက်ထိ လက်ခံသွားမည်ဟု ထုတ်ပြန်ထားပြီး ဖြေဆိုမည့်သူ သုံးသောင်းကျော်ရှိနိုင်မည်ဟုလည်း ခန့်မှန်းထားကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group