#Local_News
Published_8 July 2022

 

မြန်မာအလုပ်သမားအသစ် ၁၅၀ ဦး တောင်ကိုရီးယားသို့ ထပ်မံသွားရောက်ခွင့်ရမည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ၏ ဇူလိုင်လ ၈ ရက် ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

 

အဆိုပါ အလုပ်သမားများအနေဖြင့် ကိုရီးယားနိုင်ငံသို့ ဇူလိုင်လ ၁၈ ရက်တွင်သွားရောက်ရမည် ဖြစ်သောကြောင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ ပင်လုံခန်းမသို အာမခံကြေး၊ ဝန်ဆောင်ခစရိတ်၊ လေယာဉ်လက်မှတ်ပေးသွင်းခြင်းတို့ကို ဇူလိုင်လ ၁၀ ရက်တွက် လာရောက် ပေးသွင်းကြရန်လည်း သွားရောက်ကြမည့် အလုပ်သမားများအား အကြောင်းကြားထားကြောင်း သိရသည်။

 

အမည်စာရင်းတွင်ပါရှိသူများအနေဖြင့် အာမခံသူနှစ်ဦး၏ မှတ်ပုံတင်မိတ္တူ၊အိမ်ထောင်စုဇယားမိတ္တူ၊ အမှန်တကယ်နေထိုင်ကြောင်းရပ်ကွက်ထောက်ခံစာ(သို့မဟုတ်)ပြစ်မှူကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာတို့ကို ယူဆောင်လာကြရန်လည်းလိုကြောင်း၊ ယင်းနေ့တွင်အကြိုသင်တန်းတက်ရောက်ကြရမည်ဖြစ်ကြောင်းလည်း သိရသည်။

 

လက်ရှိတွင် တောင်ကိုရီးယားနိုင်ငံ၌ မြန်မာလုပ်သား ၄၀၀၀၀ ကျော် တရားဝင် သွားရောက်လုပ်ကိုင်နေကြောင်း အလုပ်သမားဝန်ကြီးဌာနက သိရသည်။

 

ymg/mt
#Yangon_Media_Group