#Local_News
Published - 4 July 2022

 

မွန်ပြည်နယ်အတွင်းရှိ အသက်(၁၈)နှစ်နှင့်အထက် လူဦးရေအားလုံး(၁၀၀)%စလုံးကို ကိုဗစ်ကာကွယ် ဆေးများထိုးနှံပေးထားပြီးဖြစ်သည်ဟု မွန်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးဒေါက်တာနန္ဒဝင်းက YMG ကို ပြောသည်၊၊

 

အသက်(၁၈)နှစ်နှင့်အထက်ရှိသူအားလုံးကို ထိုးနှံပေးပြီးဖြစ်၍ ကိုဗစ်ကာကွယ်ဆေးလွှမ်းခြုံနိုင်မှု(၁၀၀) %ရှိပြီဖြစ်ကြောင်း မွန်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်၊၊

 

"လတ်တလောမှာ မွန်ပြည်နယ်အတွင်းရှိ အသက် (၁၈)နှစ်နှင့် အထက်လူဦးရေအားလုံး(၁၀၀)ရာခိုင် နှုန်းစလုံး ကိုဗစ်ကာကွယ်ဆေးထိုးပေးပြီးဖြစ်ပါတယ်၊၊
မွန်ပြည်နယ်ရှိကျောင်းနေအရွယ်ကလေးငယ် (၉၈.၈)ရာခိုင်နှုန်းတို့ကို ကိုဗစ်ကာကွယ်ဆေးထိုးပေးထားပြီးဖြစ်ပါတယ်၊၊ ကျန်ရှိနေသူတွေနဲ့ ထပ်ဆောင်းကိုဗစ်ကာကွယ်ဆေးထိုးခြင်း booster ထိုးလိုသူတွေကို ဆက်လက်ထိုးနှံပေးနေပါတယ်"လိုဒေါက်တာနန္ဒဝင်းက ပြောသည်၊၊

 

ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ပြည့်ထိုးပြီးနောက် ထပ်ဆောင်းကာကွယ်ဆေးထိုး booster ထိုးထားသူသည် မွန်ပြည်နယ်ရဲ့လူဦးရေ( ၂၀)%ရှိကြောင်းနှင့် ကျန်ရှိနေသူများ ဆက်လက်ထိုးနှံကြဖို့ နှိုးဆော်ဆောင်ရွက်လျက်ရှိကြောင်း မွန်ပြည်နယ်၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်၊၊

 

ymg/tthl
#Yangon_Media_Group