#Local_News
Published_ 4 July 2022

 

ပဲခူးမြစ်ကူး သန်လျင်တံတား အမှတ် (၃) တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးသွားပါကဒေသ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းသက်သာစေမှာဖြစ်ကြောင်း သိရပါတယ်။

 

ဆောက်လုပ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးရွှေလေးသည် ဒီကနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်-သန်လျင်-သီလဝါ အထူးစီးပွားရေးဇုန်တို့ကို အလွယ်တကူ ဆက်သွယ်သွားလာနိုင်မယ့် ပဲခူးမြစ်ကူး သန်လျင်တံတားအမှတ်(၃)တည်ဆောက်လုပ်ငန်းကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။

ဝန်ကြီးသည် သာကေတဘက်ခြမ်း တံတားတည်ဆောက်ရေး လုပ်ငန်းခွင်သို့ သွားရောက်၍ P C Box Girder ထုတ်လုပ်နေမှု၊ လုပ်ငန်းခွင်အတွင်း သယ်ယူပို့ဆောင်ပေးနေမှုနှင့် Span by Span Method ဂျပန်နည်းပညာဖြင့် တပ်ဆင်မယ့် အခြေအနေနှင့် Fly Over Bridge တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။

 

ထို့နောက် သံလျင်ဘက်ခြမ်းသို့ သွားရောက်၍ ချဉ်းကပ်တံတား ဆောင်ရွက်နေမှုကို လည်းကောင်း၊ ရေလယ်တိုင်အမှတ်(၆) လုပ်ငန်းများ ဆောင်ရွက်နေမှု၊ လွန်းထိုးခြင်း (Launching) နည်းပညာကို အသုံးပြု၍ P C Box Girder များ တပ်ဆင်ရန် ပြင်ဆင်မှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး အမြဲဂရုပြုဆောင်ရွက်ရန် မှာကြားခဲ့ပါတယ်။

 

ပဲခူးမြစ်ကူး သန်လျင်တံတားအမှတ်(၃)သည် လက်ရှိ အသုံးပြုနေသည့် ရန်ကုန်-သန်လျင် အမှတ်(၁)တံတား၏အနီးတွင် တည်ရှိပြီး ပင်မတံတားအရှည် (၁၉၂၈)မီတာ၊ ယာဉ်သွားလမ်းအကျယ် (၂၄)မီတာ ယာဉ်(၄) လမ်းသွားနှင့် သာကေတဘက်ခြမ်း ချဉ်းကပ်တံတားအရှည် (၅၄၇)မီတာ၊ သန်လျင် ဘက်ခြမ်း ချဉ်းကပ်တံတား အရှည်(၁၈၈)မီတာရှိပြီး တံတား၏ ခံနိုင်ဝန်မှာ (၇၅)တန်ဖြစ်ကြောင်း သိရပါတယ်။

 

ymg-mnn
#Yangon_Media_Group