Published 4 July 2022

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပုဂံမြို့မှာ လက်ခံကျင်းပတဲ့ (၇)ကြိမ်မြောက်  မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ  အစည်းအဝေးကို ယနေ့ဇူလိုင် (၄)ရက် မနက်တွင် စတင်ကျင်းပခဲ့ပါတယ်။

အဆိုပါအစည်းအဝေးမှာ မြန်မာ နိင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိတို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ကြပါတယ်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို မြန်မာနှင့်တရုတ်နိုင်ငံခြားရေးဝန်ကြီးတွေနှင့်အတူ အခြား အဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြတဲ့ ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ် နိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ Prak Sokhonn ၊ လာအို ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Saleumxay Kommasithi ၊ ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး  မစ္စတာ Don Pramudwinai နှင့် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Bui Thanh Son တို့ တက်ရောက်ကြပါတယ်။

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့မှာ တရုတ်နိုင်ငံနှင့်အတူ အာဆီယံအဖွဲ့ဝင် တစ်ဆက်တစ်စပ်ကုန်းမြေ(၅)နိုင်ငံဖြစ်တဲ့ မြန်မာ၊ထိုင်း၊လာအို၊ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့ဖြင့် ဖွဲ့စည်းတည်ထောင်ထားတာဖြစ်ပါတယ်။