Published 3 July 2022

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း၊ ဓမ္မာစင်္ကြာရိပ်သာ ကျောင်းတိုက်ရှိ အနန္တသုခ(၅)ထပ် ဓမ္မဗိမာန်ကျောင်းတော်ကြီး ကျောင်းလွှတ်ပူဇာဖွင့်ပွဲကို ဇူလိုင်(၃)ရက် တနင်္ဂနွေနေ့က ကျင်းပခဲ့ရာ နိုင်ငံတော်သံဃမဟာနာရက အဖွဲ့ဥက္ကဋ္ဌ အဘိဓဇ အဂ္ဂမဟာ သဒ္ဒမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရဘိဝံသ ဗန်းမော်ဆရာတော်ဘုရားကြီး အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြိးမင်းအောင်လှိုင်နှင့်ဇနီး၊မိသားစုဝင်တွေ၊ ခရီးစဉ်မှာလိုက်ပါလာတဲ့ အခြားတာဝန်ရှိသူတွေပါ တက်ရောက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

အခမ်းအနားမှာ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင် က အနန္တသုခငါးထပ် ဓမ္မဗိမာန်ကျောင်းတော်ကြီး ကမ္ဗည်းမော်ကွန်းကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။ ယင်းနောက် ဗန်းမော်ဆရာတော်ဘုရားကြီးနှင့် ဓမ္မစင်္ကြာရိပ်သာ ဆရာတော်တို့ ဦးဆောင်၍ နစကဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက ကျောင်းတော်ကြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်း  ပူဇော်  ခဲ့ကြပါတယ်။

အဆိုပါ ဓမ္မာစင်္ကြာရိပ်သာကျောင်းတိုက်ကြီးကို ၁၉၅၄ ခုနှစ်တွင် ဘဒ္ဒန္တ ဝိဓဇသိရီ မဟာထေရ်မြတ်က စတင်တည်ထောင်တော်မူခဲ့ပြီးနောက်ကျောင်းတိုက်ကြီးကို လက်ဆင့်ကမ်း၍ အစဉ်အဆက် ထိန်းသိမ်း  စောင့်ရှောက်ခဲ့ကြတာဖြစ်ပါတယ်။

ယခုကျောင်းလွှတ် ပူဇာသဘင်ပြုလုပ်သည့် အနန္တသုခ (၅)ထပ်ဓမ္မဗိမာန် ကျောင်းတော်ကြီးကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှူးပြုသည့် ကျောင်းဒါယကာ၊ ဒါယိကာမများက ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၂ ရက်တွင် ပန္နက်တော်တင် မင်္ဂလာအခမ်းအနား ပြုလုပ်၍ လှူဒါန်းခဲ့ကြောင်းသိရှိရပါတယ်။