#Local_News
Published _ 2 June 2022

 

ပြည်ထဲရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများ၏ ၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူများအား ဂုဏ်ပြုပွဲနှင့် ပညာသင်ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ ဇူလိုင်လ ၂ရက်မှာ ရန်ကုန်တိုင်းဒေသကြီးအထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံး၊ မင်္ဂလာခန်းမ တွင် ကျင်းပခဲ့ကြောင်း သိရသည်။

 

ကျောင်းသား၊ ကျောင်းသူများသည် ကျောင်းစာများ သင်ကြားရာတွင် စည်းကမ်းတကျဖြင့် မိဘဆရာသမားများ၏ သွန်သင်ဆုံးမမှုကို အလေးထားလိုက်နာပြီး ကြိုးစားကာ စာမေးပွဲများတွင် ဂုဏ်ထူးများဖြင့် အောင်မြင်အောင်ကြိုးစားစေလိုကြောင်းနှင့် မိဘများကလည်း မိမိ၏ သားသမီးများအတွက် စံနမူနာပြဖြစ်သည့် မိခင်၊ ဖခင်များ အဖြစ်ပြုမူနေထိုင်ကြရန် တိုင်းဒေသကြီးအစိုးရအဖွဲ့၊လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က ပြောကြားခဲ့သည်။

 

ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် လေးဘာသာဂုဏ်ထူးရှင်တစ်ဦး၊ တစ်ဘာ သာဂုဏ်ထူးရှင်တစ်ဦးနှင့် ရိုးရိုးအောင်မြင်သူ နှစ်ဦးတို့ကို ဂုဏ်ပြုချီးမြှင့်ငွေများအား လည်းကောင်း၊ တက္ကသိုလ်အဆင့်တွင် ပညာသင်ယူလျက်ရှိသော ကျောင်းသား၊ ကျောင်းပညာသင် ၂၂ ဦး ကိုယ်စားကျောင်းသူတစ်ဦး အားလည်းကောင်း၊ အခြေခံပညာ အထက်တန်း အဆင့်တွင် ပညာသင်ယူလျက်ရှိသော ကျောင်းသား၊ ကျောင်းသူ ၁၃ ဦး ကိုယ်စား ကျောင်းသူတစ်ဦးအားလည်းကောင်း၊အခြေခံပညာအလယ်တန်းအဆင့်တွင် ပညာသင်ယူလျက်ရှိသော ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးကိုယ်စား၊ ကျောင်းသူ တစ်ဦးအားလည်း ကောင်း၊ အခြေခံပညာ မူလတန်းအဆင့်တွင် ပညာသင်ယူလျက်ရှိသော ကျောင်းသား၊ ကျောင်းသူ ၃၉ ဦးနှင့် မူကြို အဆင့်တက်ရောက်မည့်သူ ၁၂ ဦးတို့ကိုယ်စား၊ ကျောင်းသူတစ်ဦး အားလည်းကောင်း၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၁၀၆ ဦး တိုအား ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

 

ymg/NN
#Yangon_Media_Group