#Local_News
Published_2 July 2022

 

ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးကို ဆက်သွယ်တည်ဆောက်ထားသည့် ဂွချောင်းတံတားကို ဇူလိုင်လ ၁ ရက်ကစ၍ ယာယီဖြတ်သန်းသွားလာခွင့်ပြုထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနတာဝန်ရှိသူက ပြောသည်။

 

“အခုက ကျောင်းသားတွေက ကူးတို့နဲ့သွားလာနေရတယ်။ မိုးရာသီဆိုတော့ မိုးစိုတယ်၊ အဆင်လည်းမပြေဘူးလေ၊ တံတားပေါ်ကဆိုတော့ လမ်းလျှောက်လို့ပဲသွားသွား၊ စက်ဘီးနဲ့ပဲသွားသွားပေါ့။ ကားလေးတွေဆိုရင်လည်း ဟိုဖက်ကမ်း၊ ဒီဖက်ကမ်း သွားလာလို့ရတဲ့ အနေအထားဖြစ်လို့ ခွင့်တောင်းပြီးမှ ယာယီခွင့်ပြုထားတာပါ"ဟု အဆိုပါဝန်ကြီးဌာန တာဝန်ရှိသူက ပြောသည်။

 

လတ်တလောတွင် တံတား၏ အချောသတ်လုပ်ငန်းများနှင့် လက်ကျန်လုပ်ငန်းများ ကျန်နေသေးသည့်အတွင် ယင်းတို့ကို ဆက်လက်လုပ်နေရသေးကြောင်း၊ပွင့်လင်းရာသီတွင် ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၈)က သိရသည်။

 

ဂွချောင်းတံတားကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၈ ရက် တွင် စတင်တည်ဆောက်ခဲ့ပြီး အမျိုးအစားမှာ သံကူရစ်တံတားအမျိုးအစားဖြစ်ကာ တံတားအရှည်မှာ ၁၃၉၈ ပေနှင့် ၉ လက်မရှိကြောင်း ၊ ငွေကျပ်သန်းပေါင်း ၈၉၀၀ ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group