#Local_News
Published - 1 July 2022

 

ဇူလိုင်လအတွင်း ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများသို့ ပြည်ပမှဆိုက်ရောက်လာမည့်ကုန်သေတ္တာတင်သင်္ဘောကြီး ၅၀ ဆိုက်ကပ်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှာသိရသည်။

 

ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများသို့ ဆိုက်ကပ်မည့် ကုန်သေတ္တာတင်သင်္ဘောများမှာ BLPL Shipping၊ X-PRESS Feeders ၊ R.C.L Line ၊ M.F.S.L၊ L.A.L Line၊ GOLD STAR Line၊ EverGreen၊ BAY Line၊ P.I.L၊ LAND And Sea၊ C.S.L Line၊ SITC Line၊ SAMUDERA Line၊ NEW GOLDEN SEA(COSCO)၊ SEALAND MAKRSK ASIA တို့ဖြစ်ကြောင်း သိရသည်။

 

ယင်းအပြင် ပြည်တွင်းထွက်များကို ၂၀၂၁ ခုနှစ် ဧပြီလမှ ၂၀၂၂ ခုနှစ် မတ်လအထိ)တွင် ဆူးလေဆိပ်ကမ်းတံတားများ (အမှတ် ၁ မှ ၇ အထိ)မှ စုစုပေါင်းသင်္ဘော(၉၀)စီးဖြင့် ဆန်တန်ချိန် (၁,၃၅၇,၂၀၂)တန်ကိုလည်းကောင်း၊ ယခုနှစ် (၂၀၂၂ ခုနှစ်) ဧပြီလမှ ဇွန်လ (၃)လ အတွင်း စုစုပေါင်းသင်္ဘော(၂၇)စီးဖြင့် ဆန်တန်ချိန် (၅၈၂,၃၃၀)တန်ကိုလည်းကောင်း ပင်လယ်ရေကြောင်းမှတစ်ဆင့် Bulk Carrier သင်္ဘောကြီးများ (ဝမ်းပုံစနစ်)ဖြင့် ပြည်ပသို့ တင်ပို့ခဲ့ကြောင်း သိရသည်။

 

လက်ရှိအချိန်တွင် ဆူးလေဆိပ်ကမ်းတံတား(၇)စင်းတွင် အလျား(၁၈၃)မီတာရှိ သင်္ဘောကြီး (၂)စီး၊ (၁၈၆)မီတာရှိ သင်္ဘောကြီး (၂)စီးနှင့် (၂၀၀) မီတာရှိ သင်္ဘောကြီး(၁)စီး စုစုပေါင်း(၅)စီး တံတားနေရာပြည့် ဆိုက်ကပ်၍ ဆန်တန်ချိန်စုစုပေါင်း (၁၄၃,၄၀၀)တန်ကို တင်ဆောင်ပြီး၊ ဘယ်လ်ဂျီယံနိုင်ငံသို့ (၃)စီး၊ စပိန် နိုင်ငံသို့ (၁)စီးနှင့် တိုဂိုနိုင်ငံသို့ (၁)စီး တင်ပို့ထွက်ခွာသွားကြောင်းလည်း သိရသည်။

 

ymg/sth
#Yangon_Media_Group