#LocalNews
Published - 29 June 2022

 

မျိုးရိုးဗီဇပြောင်း အိုမီခရွန်နှင့် ၎င်း၏ မျိုးစိတ်အသစ်များကို ကာကွယ်ရန် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံခြင်းနှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံထားရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

 

ကိုဗစ်-၁၉ ကူးစက်မှုကာကွယ်ရန် ပြည်သူများအနေဖြင့် သက်ဆိုင်ရာ ကျန်းမာရေးဌာနများတွင် ထပ်ဆောင်းကာကွယ်ဆေးကို မပျက်မကွက်ထိုးနှံမှုခံယူရန်လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ ဇွန် ၂၅ ရက်အထိ အသက် ၁၈ နှစ်နှင့်အထက် လူဦးရေစုစုပေါင်း ၂၉၈၄၇၆၅၁ ဦး နှင့် အသက် ၁၈ နှစ် အောက် လူဦးရေစုစုပေါင်း ၅၃၅၉၉၉၁ ဦး တို့ကို ထိုးနှံထားရှိပြီးဖြစ်ကြောင်း စာရင်းများအရ သိရသည်။

 

ယင်းအပြင် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးသူ ၂၇၅၄၅၃၂၉ ဦးနှင့် ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံပြီးစီးသူ ၂၄၀၄၈၀၂ ဦး ရှိပြီဖြစ်ကြောင်းလည်း သိရသည်။

 

ပြည်တွင်း၌ လက်ရှိအချိန်ထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၈) သန်းကျော်အားစစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာပေါင်း (၆)သိန်းကျော်ရှိပြီး ယင်းတွင်ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း ၅သိန်း ၉ သောင်းကျော်ရှိနေပြီဖြစ်ကာ သေဆုံးသူ စုစုပေါင်း ၁၉၄၃၄ ဦးရှိကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group