#Local_News
Published - 27 June 2022

 

(၂၀၂၂-၂၀၂၃) ဗုဒ္ဓဂယာဘုရားဖူးရာသီတွင် ဘုရားဖူး ပို့ဆောင်ပေးမည့် ခရီးသွားကုမ္ပဏီ(အဟောင်း/အသစ်)အားလုံး၂၀၂၂ခုနှစ် သြဂုတ်လ(၅)နောက်ဆုံးထားပြီးမှတ်ပုံတင်စာရင်းသွင်းကြရန် အကြောင်းကြားစာ ထုတ်ပြန်လိုက်ကြောင်းသိရသည်၊၊

 

ယင်းအကြောင်းကြားစာကို သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာနအောက်ရှိ ဗုဒ္ဓဂယာဘုရားဖူးလုပ်ငန်းကော်မတီရုံးက နိုင်ငံပိုင်သတင်းစာမှတစ်ဆင့်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်၊၊

 

လိုအပ်သောအချက်အလက်များကိုဖြည့်ပြီး မှတ်ပုံ တင်ကြေး(၅၀၀၀၀)၊ နှစ်စဥ်ကြေး(၅၀၀၀၀) ပေးသွင်းရမည်ဟု ဖော်ပြပါရှိသည်၊၊

 

"ဗုဒ္ဓဂယာဘုရားဖူးကတော့ အခုလောလောဆယ် မသွားသေးပါဘူး၊၊ လာမယ့် ခရီးသွားရာသီ အောက်တိုဘာလရောက်မှ စဖို့ရှိပါတယ်၊၊ စက်တင်ဘာလမှ သွားဖို့မှန်းထားတယ်၊၊ အစ်မတို့ကတော့အခုမှ စလုပ်မယ့်ကုမ္ပဏီပေါ့"လို့ ဘုရားဖူးကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်၊၊

 

လာမည့်ဗုဒ္ဓဂယာဘုရားဖူးရာသီတွင် ဘုရားဖူးခရီးပို့ဆောင်မည့်ကုမ္ပဏီများအနေဖြင့် မရမ်းကုန်းမြိုနယ်ရှိသာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန၊ ဗုဒ္ဓဂယာဘုရားဖူးလုပ်ငန်းကော်မတီရုံး(ရန်ကုန်ဌာနခွဲ) တွင် မှတ်ပုံတင်စာရင်းသွင်းရန် ဆက်သွယ်မေးမြန်း ဆောင်ရွက်ရမည်ဖြစ်ကြောင်းသိရသည်၊၊

 

ymg/tthl
#Yangon_Media_Group