#LocalNews
Published _ 23 June 2022

 

ရွှေတိဂုံစေတီတော်၏ ရင်ပြင်တော် မြောက်ဘက်စောင်းတန်းထိပ်၊ ခြေတော်ရာ တန်ဆောင်းရှေ့တွင် သေသွားသည့် ထန်းပင်နေရာ၌ ထန်းပင်အသစ် အစားထိုးစိုက်ပျိုးနေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

 

ယမန်နေ့ နံနက် ၁၁ နာရီ ၃၅ မိနစ်အချိန်က အနောက်တောင်ထောင့် (စနေထောင့်) အောက်ပစ္စယံပတ်လမ်း၊ မိုးညှင်းစံကျောင်းတိုက်ရှေ့ရှိ ထန်းပင်အသစ်တစ်ပင်ကို ရွှေတိဂုံ စေတီတော် ဝတ္တကအသင်းနှင့် ပူးပေါင်းတူးယူခဲ့ပြီး မိုးညှင်းစံကျောင်းတိုက်ရှေ့မှ ရင်ပြင်တော်ပေါ်သို့ မြောက်ဘက်စောင်းတန်း အရံလှေကားမှ ဝိုင်းဝန်းတင် ဆောင်ခဲ့ကြရာ ရင်ပြင်တော်ပေါ်သို့ မွန်းလွဲ ၁ နာရီ ၂၅ မိနစ် အချိန် ရင်ပြင်ပေါ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ ထန်းပင်အသစ်ကိုသေသွားသည့် ထန်းပင်နေရာ၌ လတ်တလောတွင် ယာယီထောင် မတ်ခဲ့ပြီး ယနေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

 

ymg/NN
#Yangon_Media_Group