#LocalNews
Published - 22 June 2022

 

မြန်မာနိုင်ငံအတွင်းသို့ ကမ္ဘာလှည့်ခရီးသွားဗီဇာဖြင့် လာရောက်လည်ပတ်သူ ၆၀၀ ကျော်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

မေလမှ ဇွန်လ ၁၉ ရက်အထိ နိုင်ငံပေါင်း ၂၄ နိုင်ငံမှ Tourist Visa ဖြင့် လာရောက်လည်ပတ်သူဦးရေ ၆၀၆ ဦးရှိပြီး ဇွန်လတွင်လာရောက်လည်ပတ်သူများပြားကြောင်း သိရသည်။

 

မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ် မေလ ၂၀ ရက်ကစ၍ Tourist Visa ဖြင့် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များကို ခွင့်ပြုပေးခဲ့ပြီးနောက်ပိုင်း မေလ ၂၄ ရက်တွင် စတင်ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း၊ အရှေ့တောင်အာရှနှင့် အာရှနိုင်ငံတို့မှ လာရောက်မှုအများဆုံးဖြစ်ပြီး အနောက်နိုင်ငံအချို့မှလည်း ဝင်ရောက်လည်ပတ်မှုရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနစာရင်းများအရ သိရသည်။

 

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာလေကြောင်းလိုင်းများကို ဧပြီလ ၁၇ ရက်မှ စတင်ဆင်းသက်ခွင့်ပြုခဲ့ကြောင်း၊ လက်ရှိတွင် ခရီးသွားလုပ်ငန်းရှင်အချို့ပြန်လည်ပတ်နေသော်လည်း အခက်အခဲများစွာရှိနေကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group