#LocalNews
Published_22 June 2022

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ (၇၃x၇၄)လမ်းကြား၊ (၁၀၁)သိပ္ပံလမ်းတွင် ဖွင့်လှစ်ထားသည့် နိုဘယ်လ်စင်တင် တေးဂီတဆိုင်တွင် ယနေ့ ဇွန်လ ၂၂ ရက်၊ မွန်းလွဲပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။

မီးလောင်မှု ဖြစ်ပွားရာသို့ Level 2 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်းနှင့် မည်သည့်အကြောင်းကြောင့် မီးလောင်မှုဖြစ်ပွားသည်ကို မသိရသေးကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

 

ymg/mt
#Yangon_Media_Group