#Local_News
Published_ 21 June 2022

 

ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုတဲ့ မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ် (၂) ချစ်ကြည်ရေးတံတားမှ တစ်ဆင့် ပြန်လည်ကြိုဆို လက်ခံခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ ဇွန် ၂၀ ရက်တွင် ၁၃၂ ဦး ဆက်လက်ဝင်ရောက်ခဲ့ကြောင်း သိရပါတယ်။

 

ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားများအား တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါဆိုင်ရာများအား အသိပညာပေးခြင်း၊ ပြန်လည်ဝင်ရောက်လာသူများ၏ အချက်အလက်များ ကောက်ယူခြင်းများကို ဆောင်ရွက်ခဲ့ကြပါတယ်။

 

ထိုသို့ ပြန်လာသူများတွင် ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးမှ နေရပ်ပြန်များအား မော်လမြိုင်မြို့ရှိ ဆယ်မြို့နယ်အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ ပို့ဆောင်ပေးပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ နေရပ်ပြန်များအား မြဝတီကုန်သွယ်ရေးဇုန်နှင့် မဲကနယ် အသွားအလာကန့်သတ် စောင့်ကြည့် ရေးစခန်းများတွင် ၁၀ ရက်ကြာ အသွားအလာရက်ကန့်သတ် ထားရှိကာ ကိုဗစ်ရောဂါ ပိုးရှိမရှိ စစ်ဆေးပြီးမှ သက်ဆိုင်ရာ မြို့နယ်များသို့ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။

 

ပြန်လည်ဝင်ရောက်လာသူများ အနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ အမျိုးသား ၇၆ ဦး၊ အမျိုးသမီး ၅၆ ဦး စုစုပေါင်း ၁၃၂ ဦး ဖြစ်ပါတယ်။

 

ymg-mnn
#Yangon_Media_Group