#LocalNews
Published _ 21 June 2022

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် တရားမဝင်သွယ်တန်းထားသည့် ဖိုင်ဘာကေဘယ်ကြိုးများနှင့် ဝိုင်ဖိုင်ကြိုးများကို ဖယ်ရှားနေကြောင်း သိရသည်။

 

ရန်ကုန်မြို့တွင်းမြို့နယ်ဖြစ်သည့် လသာမြို့နယ်၊ ၂၄ လမ်းနှင့် ရွှေတိဂုံဘုရားလမ်းတစ်လျှောက်ရှိ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းပိုင် ဓာတ်အားလိုင်းတိုင်များပေါ်တွင် တရားမဝင်သွယ်တန်းထားသော အဆိုပါ ဖိုင်ဘာကေဘယ်ကြိုးများနှင့် ဝိုင်ဖိုင်ကြိုးများကို မြို့နယ် လျှပ်စစ်မန်နေဂျာရုံး ဝန်ထမ်းများနှင့် တရားဝင်ခွင့်ပြုထားသည့် ဆက်သွယ်ရေး ကုမ္ပဏီများမှ ပူးပေါင်းရှင်းလင်းခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

 

တရားမဝင် ကေဘယ်လ်ကြိုးများကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၃၀ ရက် နောက်ဆုံးထား၍ မိမိအစီအစဉ်ဖြင့် ဖယ်ရှားရန် ကြေညာထားသော်လည်း လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ တရားမဝင် ဆက်လက် သွယ်တန်းထားနေသောကြောင့် ယင်းသို့ရှင်းလင်းခဲ့ရကြောင်း အဆိုပါဌာနမှ သိရသည်။

 

ပြီးခဲ့တဲ့ ဇွန်လ ၁၈ရက်က အဆိုပါ ကေဘယ်ဘ်ကြိုးများကို ဌာနဆိုင်ရာမှ ဝိုင်းဝန်းရှင်းလင်းခဲ့ကြပြီး အခြားမြို့နယ်များတွင်လည်း တရားမဝင်သွယ်တန်းထားခြင်းများရှိမရှိ လိုက်လံစစ်ဆေးသွားမည် ဖြစ်ကြောင်းသိရသည်။

 

ymg/NN
#Yangon_Media_Group