#LocalNews
Published_18 June 2022

 

ထိုင်းနိုင်ငံသို့ MOU အလုပ်သမား ၂၉၈ ဦးကို ဇွန်လ ၁၇ ရက်တွင် မြဝတီ-မဲဆောက် ချစ်ကြည်ရေးအမှတ် (၂)တံတားမှတစ်ဆင့် ထပ်မံစေလွှတ်ခဲ့ကြောင်း သိရသည်။

 

ယင်းမှာ ပြည်ပအလုပ်အကိုင်အကျိုးဆောင် TOP 1 အေဂျင်စီနှင့်၊‌ ရွှေဝတ်မှုခ အေဂျင်စီတို့မှဖြစ်ပြီး TOP 1 အေဂျင်စီမှ တာဝန်ယူ ပို့ဆောင်ပေးသည့် လုပ်သား ၉၉ ဦးမှာ ထိုင်းနိုင်ငံ၊ ပထုံဌာနီမြို့ရှိ ကြက်သားစက်ရုံတွင်လည်းကောင်း၊ ရွှေဝတ်မှုခအေဂျင်စီမှ စေလွှတ်သည့် လုပ်သား ၁၉၉ ဦးမှာလည်း ပထုံဌာနီမြို့ရှိ ကြက်သား စက်ရုံတွင်လည်းကောင်း အလုပ်လုပ်ကိုင်ကြရမည် ဖြစ်ကြောင်း သိရသည်။

 

ပြည်တွင်း အလုပ်အကိုင်အကျိုးဆောင် အေဂျင်စီ ကုမ္ပဏီများမှ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် ပြီးခဲ့သည့် မေလ ဒုတိယအပတ်မှစတင်စေလွှတ်ပေးခဲ့ရာ ယခုအခါ အလုပ်သမားပေါင်း ၃၀၀၀ ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group