#LocalNews
Published _ 18 June 2022

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဝန်ဆောင်မှုကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက်များဘဏ္ဍာတိုက် ဝက်ဘ်ဆိုက်အား စတင်လွှင့်တင်ခဲ့သည်ဟု တိုကျိုမြို့ရှိ မြန်မာသံရုံးမှ ဇွန်လ ၁၇ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

 

ယင်းဘဏ္ဍာတိုက်အား မြန်မာနိုင်ငံတွင် ဝန်ဆောင်မှုလုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာ၌ ထုတ်ပြန်ထားသည့် ပြည်တွင်းဥပဒေ၊ နည်းဥပဒေစည်းမျဉ်းစည်းကမ်းများနှင့် ၎င်းတို၏ ပြဌာန်းချက်အစီအမံများအား တစ်နေရာတည်းတွင် လွယ်ကူစွာ စုစည်းရှာဖွေလေ့လာ သိရှိနိုင်ရန် ရည်ရွယ်၍ လွှင့်တင်ခဲ့ခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍများအား အထောက်အကူပြုနိုင်ရန်နှင့် နိုင်ငံ၏ယှဉ်ပြိုင်နိုင်မှုအား မြင့်မားစေရန်တို့အတွက်ရည်ရွယ်၍ လွှင့်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့ကြောင့် အသေးစိတ်သိရှိလိုသည်များအား https://www.servicetrade.gov.mm ၌ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။

 

ymg/NN
#Yangon_Media_Group