#LocalNews
Published - 18 June 2022

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားပါက ရန်ကုန်တွင် ကလေးအထူးကုဆေးရုံများဖြစ်သည့် ရန်ကုန်ကလေးဆေးရုံကြီး (ဟယ်ပင်)၊ရန်ကင်းကလေးဆေးရုံကြီးနှင့် ကလေးကုသရေးဌာနနှင့် ကလေးဆရာဝန်ရှိသော အစိုးရဆေးရုံများ၊ ကလေးကုသရေးဌာနရှိသော ပုဂ္ဂလိကဆေးရုံများတွင်ကုသနိုင်ကြောင်း သိရသည်၊၊

 

"ကလေးကုသရေးဌာနတွေ၊ ကလေးဆရာဝန်တွေရှိတဲ့ အစိုးရဆေးရုံတွေမှာကုသနိုင်တယ်၊၊ ရန်ကုန်ကလေးဆေးရုံကြီး(ဟယ်ပင်)၊ ရန်ကင်းကလေးဆေးရုံကြီးတို့မှာ ကုသလို့ရတယ်၊၊ ကလေးကုသရေးဌာနနှင့် ကလေးဆရာဝန်များရှိတဲ့ သင်္ဃန်းကျွန်းဆေးရုံကြီး၊ မြောက်ဥက္ကလာဆေးရုံကြီး၊ အင်းစိန်ဆေးရုံကြီးတွေမှာလည်း ကုသနိုင်တယ်၊၊ မြောက်ဥက္ကလာမှာဖြစ်ရင်တော့ နီးတဲ့ မြောက်ဥက္ကလာဆေးရုံကြီးမှာပဲကို ကုသလိုရတယ်၊၊ ကလေးကုသရေးဌာနနဲ့ ကလေးဆရာဝန်ရှိတဲ့ ပုဂ္ဂလိကဆေးရုံတွေမှာလည်းကုသလို့ရပါတယ်"လို့ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာခင်ခင်ထားက YMG ကို ပြောသည်၊၊

 

သွေးလန့်သည့်အဆင့်ရောက်နေသည့်ကလေးများ အတွက်တော့ ကလေးဆရာဝန်ကြီးများ၊ ကုသရေး ပစ္စည်းများစုံလင်သည့် ရန်ကုန်ကလေးဆေးရုံကြီး(ဟယ်ပင်)၊ ရန်ကင်းကလေးဆေးရုံကြီးတွင် ကုသနိုင်ပါကအကောင်းဆုံးဖြစ်ကြောင်း ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာခင်ခင်ထားကဆက်လက် ပြောသည်၊၊

 

အစိုးရဆေးရုံများဖြစ်သည့် သင်္ဃန်းကျွန်းဆေးရုံကြီး၊ မြောက်ဥက္ကလာဆေးရုံကြီး၊ အင်းစိန်ဆေးရုံကြီးနှင့် ကလေးကုသရေးဌာနရှိသည့် ပုဂ္ဂလိကဆေးရုံများတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူများကို ကုသနိုင်ကြောင်းကိုတော့သိရှိသူ နည်းပါးနေသေးကြောင်း သိရသည်၊၊

 

ymg/tthl
#Yangon_Media_Group