#LocalNews
Published - 16 June 2022

 

လတ်တလောတွင် ခရီးဝေးရထား(၂၈)စင်း၊ ရန်ကုန်မြို့ပတ်(၂၂)စင်း စုစုပေါင်း(၅၀)စင်းပြေးဆွဲပေးလျက်ရှိပြီး မီးရထားခရီးစဥ်များ တိုးချဲ့ပြေးဆွဲပေးသွားမည်ဟု နစက၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းပြောပါသည်၊၊

 

ဇွန်လ(၁၆)ရက်ကပြုလုပ်သည့် နစကကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားသွားသည်၊၊

 

ရန်ကုန်-မန္တလေးစုန်ဆန်ရထား(၂)စင်း၊ ရန်ကုန်-မော်လမြိုင် လမ်းပိုင်း(၂)စင်း၊ ရန်ကုန်မြို့ပတ်(၄)စင်းထပ် တိုးချဲ့ပြေးဆွဲပေးရန်ရှိသည် ဟုဆိုသည်၊၊

 

နစက၏သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းက
"အချို့လမ်းပိုင်းတွေမှာ မပြေးဆွဲနိုင်တာတွေက အခုထိတော့ရှိတယ်၊၊ မိုင်းထောင်၊ မိုင်းခွဲ လုံခြုံရေးအခြေအနေတွေကြောင့် မပြေးဆွဲနိုင်တာရှိတယ်၊၊ လမ်းပိုင်းအသီးသီးမှာတော့ ခရီးဝေးရထား(၂၈)စင်း၊ ရန်ကုန်မြို့ပတ်(၂၂)စင်း စုစုပေါင်း(၅၀)စင်းပြေးဆွဲပေးလျက်ရှိတယ်၊၊ ရန်ကုန် -မန္တလေးလမ်းပိုင်းမှာတော့လက်ရှိ ရထား(၆)စင်းပြေးဆွဲပေးလျက်ရှိတယ်၊၊ ခရီးသွားတွေ အခက်အခဲ ရှိတယ်ဆိုတာသိတယ်၊၊ ဒါကြောင့်မိုလို့ ပို့ဆောင်ရေးဝန်ကြီးဌာနအနေနဲ့ မကြာမီလပိုင်းအတွင်းမှာပဲ စုန်ဆန်နှစ်စင်းထပ်မံပြေးဆွဲပေးဖို့ ဆောင်ရွက်လျက်ရှိတယ်၊၊ ရန်ကုန်-မော်လမြိုင် လမ်းပိုင်း(၂)စင်းပြေးဆွဲနေတယ်ထပ်ပြီးတော့ ၂စင်းထပ်တိုး ပြေးဆွဲဖို့ရှိတယ်၊၊ ရန်ကုန်-ပြည်လမ်းပိုင်းကတော့ (၆)စင်းပြေးဆွဲနေတယ်၊ ထပ်ပြီးတော့( ၂)စင်းပြေးဆွဲဖို့ ဆောင်ရွက်နေပါတယ်၊၊ ရန်ကုန်မှာလူဦးရေက ထူထပ်နေတယ်၊၊ လက်ရှိမြို့ပတ်ရထား(၂၂)စင်း ပြေးဆွဲနေတယ်၊၊(၄)စင်းထပ်ပြီးတော့ ပြေးဆွဲပေးဖို့ စီစဥ်ဆောင်ရွက်လျက်ရှိပါတယ်"ဟု ပြောသည်၊၊

 

ကုန်ရထားများ အနေဖြင့် ရန်ကုန်-မန္တလေးပိုင်းတွင်တစ်ရက်ကို(၄)စင်း၊ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းတွင် ကျောက်ရထား(၂)စင်း စုစုပေါင်း(၈)စင်း ပြေးဆွဲလျက်ရှိကြောင်းသိရသည်၊၊

 

ymg/tthl
#Yangon_Media_Group