#LocalNews
Published - 15 June 2022

နယ်စပ်ဂိတ်များမှ ဝင်ရောက်လာမည့် ခရီးသွားများအနေဖြင့် RTD ဖြင့် ကိုဗစ်စစ်ဆေးမှုခံယူရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

 

ကျန်းမာရေးဝန်ကြီးဌာနမှ အသိအမှတ်ပြုထားသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများအနက် တမျိုးမျိုးကို မြန်မာနိုင်ငံသို့ဆိုက်ရောက်သည့် နေ့ရက်မတိုင်မီ လွန်ခဲ့သော ၁၄ ရက်ကျော်တွင် အကြိမ်ပြည့်ထိုးနှံပြီးကြောင်း သက်သေခံလက်မှတ်ပါရှိရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

 

ကိုဗစ်-၁၉ RDT ဓာတ်ခွဲအဖြေတွင် ရောဂါပိုးမတွေ့ရှိပါက ကိုဗစ်-၁၉ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံထားသည့် ခရီးသွားများအနေဖြင့် မိမိတို့ခရီးစဥ်အတိုင်း ဆက်လက်ဆောင်ရွက်နိုင်ကြောင်း၊ ယင်းအပြင် ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့် မထိုးနှံထားသည့်သူများနှင့် ကာကွယ်ဆေးထိုးလက်မှတ်အထောက်အထားမတင်ပြနိုင်သူများအနေဖြင့် အသွားအလာကန့်သတ်ခြင်းဆောင်ရွက်မည်ဖြစ်ပြီး RT-PCR ဖြင့် ကိုဗစ်-၁၉ စစ်ဆေးခြင်းအား သုံးရက်မြောက်နေ့တွင် ဆောင်ရွက်၍ ပိုးမတွေ့ပါက မိမိတို့လာရောက်သည့် ကိစ္စများဆက်လက်ဆောင်ရွက်နိုင်ကြောင်း ဖော်ပြထားသည်။

 

ယင်းအပြင် နိုင်ငံခြားသားခရီးသည်များအနေဖြင့် ကိုဗစ်ရောဂါစစ်ဆေးရာတွင် ဓာတ်ခွဲစစ်ဆေးမှုကုန်ကျစရိတ်များကို ခရီးသည်မှ ကျခံရမည်ဖြစ်ကြောင်း၊ သံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်နေသည့် နိုင်ငံတကာဝန်ထမ်းများနှင့် မိသားစုဝင်များအား Home Quarantine ခွင့်ပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ စစ်ဆေးရာတွင် ရောဂါပိုးမတွေ့ရှိရသော်လည်း မြန်မာနိုင်ငံတွင် နေထိုင်စဥ်အတွင်း ရောဂါလက္ခဏာများ ပေါ်ပေါက်လာပါက ခရီးသွားများအနေဖြင့် မိမိတို့ရောက်ရှိရာဒေသရှိ ကျန်းမာရေးဌာနသို့ သတင်းပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group