#LocalNews
Published _ 14 June 2022

 

ဂျပန်နိုင်ငံရှိ နိုင်ငံခြားသား နည်းပညာအလုပ်သင်တန်းကြီးကြပ်ရေးကော်မတီ(OTIT)မှ ဂျပန်နိုင်ငံသို့ရောက်ရှိနေသော မြန်မာနိုင်ငံသား နည်းပညာ အလုပ်သင်သင်တန်းသားများအနေဖြင့် လုပ်ငန်းခွင်အတွင်း ကြုံတွေ့နေရသည့် အခက်အခဲများနှင့် ပြဿနာအချို့အား တိုင်ပင်ဆွေးနွေးနိုင်သည်ဟု တိုကျိုမြို့ရှိ မြန်မာသံရုံးက ယနေ့ဇွန်လ ၁၄ ရက်တွင် ထုတ်ပြန်လိုက်သည်။

 

တိုင်ပင်ဆွေးနွေးခြင်းကို ဖုန်းနှင့် ဖြစ်စေ Messenger မှဖြစ်စေ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပြီး အကြံဥာဏ်များလည်း ရယူနိုင်သည့်အပြင် မိခင်ဘာသာစကားဖြင့်လည်း တိုင်ပင်ဆွေးနွေးနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

 

Message နှင့် File များပေးပို့သော တိုင်ပင်ဆွေးနွေးမှုများကို လက်ခံပေးသွားမည်မဟုတ်ဘဲ စကားသံဖြင့်သာ လက်ခံဆွေးနွေးသွားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

တိုင်ပင်ဆွေးနွေးရာတွင် ဖုန်းဖြင့်ဆက်သွယ်ပါက အင်္ဂါနေ့ နံနက် ၁၁ နာရီမှ ည ၇ နာရီအထိ ဖုန်းနံပါတ် ( ၀၁၂၀-၂၅၀-၃၀၂) သို့ဆက်သွယ်နိုင်ပြီး Messenger မှတစ်ဆင့် ဆက်သွယ်ပါက OTIT ၏ Facebook Page အား Friend request ပြုလုပ်၍ https://www.facebook.com/profile.php?id=100065466735376&sk=about_overview
သို့ဝင်ခြင်း(သို့)ပူးတွဲစာရွက်ပါ QR Code အား Scan ဖတ်ရမည်ဖြစ်သည်။

 

ထိုသို့လုပ်ဆောင်ပြီး၍ Friend request လက်ခံပြီးပါက messenger တွင် ဖုန်းခေါ်၍ တိုင်ပင်ဆွေးနွေးခြင်းရုံးခန်းမှ ဖြေကြားပါက ဂျပန်ဘာသာဖြင့် မိမိ၏ ဘာသာစကားအားပြော၍ တိုင်ပင်ဆွေးနွေး၍ အကြံဥာဏ်များရယူနိုင်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

 

ymg/NN
#Yangon_Media_Group