#LocalNews
Published_13 June 2022

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ဥရုချောင်းရေလျှံ၍ ရေဘေးသင့်သူ ၂၂၀၀ ကျော်ထိ ရှိလာကြောင်း Coln Foundation က သိရသည်။

 

ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်မှစကာ မိုးဆက်တိုက်ရွာသွန်းသောကြောင့် ဥရုချောင်းရေလျှံလာသဖြင့် လူနေအိမ်များ ရေနှစ်မြှုပ်ခဲ့သည့်အတွက် ဖားကန့်ကျောက်ဝိုင်း၊ ငှက်ပျောတော ၊မရှီကထောင် ရပ်ကွက်အပါအဝင် ဖားကန့်မြို့နယ် မြို့ပေါ် ငါးရပ်ကွက်မှ လူနေအိမ်များ ရေနစ်မြုပ်၍ ရေဘေးသင့်ပြည်သူများ ၂၂၀၀ ကျော် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရခြင်း ဖြစ်ကြောင်း သိရသည်။

 

"ရေးဘေးသင့်ပြည်သူ မိသားစုဝင်၂၂၀၀ ကျော်အတွက် ထမင်းဘူး ၊ ရေသန့်တွေကို မနက်ရောညပါ စီစဉ်ထားရှိပြီးပါပြီ၊ထမင်းရေသန့် တစ်နပ်စာကို ငွေကျပ် ၂၅ သိန်းပါ။အလှူရှင်တွေကလှူကြပါတယ်၊လောလောဆယ်တော့ လှူနေသူတွေရှိလို့ ကျေးဇူးတင်ပါတယ်"ဟု ကွန်းဖောင်ဒေးရှင်း ပရဟိတအသင်း တာဝန်ရှိသူက ပြောသည်။

 

ဖားကန့်မြို့တွင် နှစ်စဉ်မိုးရာသီကျရောက်သည့်အချိန်တိုင်း မိုးဆက်တိုက်ရွာသွန်းပါက ဥရုချောင်းရေ စိုးရိမ်ရေမှတ်ကိုရောက်ရှိကာ ရေလျှံ၍ လုံးခင်း၊ဖားကန့်၊ဆိုင်းတောင် ရပ်ကွက်များ ရေမြုတ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

 

ymg/mt
#Yangon_Media_Group